Ep-19(Unicode)

18K 2K 174
                                    



ညိုခွန်း နိုးလာတော့ နေတော်တော်မြင့်နေပြီဖြစ်သည်။အခန်းထဲမှာ တိမ်နက်မရှိတော့ သူတစ်ယောက်တည်းသာ။ကိုယ်ပေါ်ကစောင်ကို ဖယ်ပြီး ထထိုင်လိုက်ချိန် ပေါင်ရင်းနားတွေက အထိမခံနိုင်လောက်အောင် စပ်နေသည်။လက်နဲ့ဖိကာ မျက်နှာမဲ့သွားပြီးမှ မနေ့ညက အဖြစ်အပျက်များအား ရုပ်ရှင်ပြကွက်များကဲ့သို့ တစ်ဆင့်ချင်းပေါ်လာခိုက် ညိုခွန်း ပြုံးရင်းကိုယ့်ဆံပင်တွေကိုယ် ဆွဲဖွနေမိသည်။

"ဒီအဆင့်တောင် ရောက်လာပြီလား မြန်လိုက်တာ ရား!!"

အိပ်ရာပေါ် ပြန်မှောက်လိုက် ၊ ပူနွေးနွေးပါးပြင်ပေါ် လက်နဲ့ အုပ်ကိုင်လိုက်ဖြင့် ညိုခွန်း အူယားပြီး ခုတင်ပေါ်မှာ လူးလိမ့်နေသည်။ရှက်လို့ဝပြီဆိုမှ ရေချိုးအဝတ်အစားလဲပြီး အခန်းပြင်ထွက်သည်။မီးဖိုခန်းထဲမှာ ကျောပေးရပ်နေသော တိမ်နက်ကို မြင်တော့ ဆက်မသွားသေးဘဲ ပါးနှစ်ဖက်ကို လက်နဲ့ရိုက်ပြီး ချောင်းဟန့်လိုက်သည်။တိမ်နက်က လှည့်ကြည့်လာပြီး လက်ထဲက ဇွန်းကိုချကာ အနားရောက်လာသည်။ ညိုခွန်း အခုထိ သူ့မျက်နှာကို တည့်တည့်မကြည့်ရဲသေးဘူး။

"သက်သာသွားပြီလား "

နှဖူးပေါ် တင်လိုက်တဲ့ လက်ဖဝါးပြင်က သူ့ခန္ဓာကိုယ်နဲ့ မလိုက်အောင် ခပ်ဖွဖွ။

" အင်း သက်သာပြီ"

တိမ်နက် လက်ပြန်ရုတ်သွားပြီး

"ဆန်ပြုတ် ကြိုပေးထားတယ် ပြီးရင် ထမင်းဟင်းဘယ်လိုချက်ရလဲ ပြောပြ"

"ကျွန်တော်သက်သာနေပါပြီ "

"မရဘူး မင်းဒီနေ့အနားယူရမယ် "

ညိုခွန်းပုခုံးကနေ ကိုင်ပြီး ထိုင်ခုံပေါ် အကျအနထိုင်စေကာ ဆန်ပြုတ်ခပ်ထည့်ပေးသည်။ပန်းကန်ကို ဇွန်းနဲ့မွှေနေရင်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး

"မနားချင်ဘူး"

"ငါ ကြိုးစားချက်ပေးပါမယ် "

သူ့လက်ရာကို မယုံကြည်ဘူးအထင်ဖြင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ညိုခွန်း ဆန်ပြုတ်သောက်မယ့်အချိန်ကို စိတ်ရှည်လက်ရှည် ထိုင်ကြည့်နေသည်။ တကယ်တမ်း ညိုခွန်းမနားချင်တာ ထမင်းဟင်း စားမကောင်းမှာကို မဟုတ်။ အဖိုးအခအဖြစ် အနမ်းမရတော့မည်ကို စိုးသောကြောင့်သာ။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now