Ep-26(Unicode)

16.3K 1.8K 94
                                    


အပြင်မှ ဆူညံ့သံတွေကြောင့် ဝိုင်ပုလင်းဖွင့်မယ့် ယက္ခရဲ့လက် ရပ်တန့်သွားသည်။  တံခါးပေါက်ကနေ ကြည့်လိုက်တော့ ခပ်စူးစူးအော်နေတဲ့ အသံပိုင်ရှင်ဟာ သူထင်ထားတဲ့အတိုင်း ဟိုကောင်လေးပင်။

တောင်းဆိုတဲ့အရာကို လက်မခံနိုင်သောကြောင့် ထမင်းလည်း လာမပို့တော့ဖို့ပြောလိုက်ပေမယ့် ထပ်ရောက်လာနေမြဲ။လက်မလျော့တဲ့ ထိုအဖြူကောင်ကြောင့်  သင်္ချိုင်းမှာမနေတော့ဘဲ စံအိမ်မှာပြန်ပြီးနေတာတောင် အခု အိမ်​ရှေ့အထိ ရောက်လာပြန်သည်။

"ထမင်း လာပို့တာပါဆို"

"ကိုကြီး ယက္ခရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရဘူး"

"ဒါဆို သွားပြောလေ"

အစောင့်တွေကိုပြန်စွာနေသော ညိုခွန်းက စံအိမ်တံခါးပေါက်နားမှာ ခါးထောက်ရပ်နေသော ယက္ခကိုမြင်တော့ ရှေ့ဆက်တိုးဖို့ပြင်သည်။လက်ထဲက ထမင်းထုပ်ကို မြောက်ပြပြီး မျက်နှာကလည်း ပြုံးဖြီးပြနေသေးတာ။ဇွတ်တိုးနေတဲ့ သူ့ကို အစောင့်နှစ်ယောက်က တွန်းလိုက်တာကြောင့် အနောက်ကို ယိုင်ပြီး ဖင်ထိုင်ရက်ကျသွားသည်။ထမင်းဘူးမမှောက်အောင် လက်မြောက်ထားသော ပုံစံကိုကြည့်ရင်း ယက္ခမှာမနေနိုင်တော့

"ဝင်ခိုင်းလိုက်"

ခွင့်ပြုချက်ရသည်နှင့် အနားရောက်လာတာများ လှစ်ခနဲ။အိမ်ထဲကိုရောက်တော့ အပြင်အဆင်ကိုကြည့်ပြီး အံ့အားသင့်နေပုံအား ယက္ခမသိချင်ယောင်ဆောင်ပေးထားလိုက်သည်။

"ဒီလော​က် ကျောက်မျက်ရတနာတွေ အများကြီးရှိနေတာကို ကလေးတွေမရောင်းဘဲ အဲ့ဒါတွေရောင်းပါလား"

"မင်း ဒီအကြောင်းပဲပြောနေမယ်ဆိုရင် ပြန်တော့"

ညိုခွန်းက နားမထောင်သည့်အပြင် ယက္ခရဲ့ မျက်နှာချင်းဆိုင် ဧည့်ခန်းမှာပါ  ဝင်ထိုင်လိုက်သည်။လိုချင်တာရှိတိုင်း အတင်းတောင်းယူတတ်တဲ့ အကျင့်က သူ့မှာ နဂိုဗီဇပါပြီးသား။ဥပမာ တိမ်နက်ရဲ့အချစ်ကိုရအောင်ယူခဲ့သလိုမျိုး။ဆုံးဖြတ်ချက် ချပြီးရင် လွယ်လွယ်နဲ့တော့ လက်မလျော့နိုင်ပါ။ကျွန်းပိုင်ရဲ့ စံအိမ်ထဲထိတောင် ဝင်လာနိုင်ခဲ့ပြီပဲ။ဖြည်းဖြည်းချင်း ကိုယ့်ဘက်ပါအောင် ဗျူဟာပြောင်းဖို့လိုနေတာ။ဒီအတိုင်း ဆက်တိုက်ပြောနေရင် ယက္ခလက်မခံဘူးဆိုတာ သေချာနေပြီဖြစ်သည်။ထို့ကြောင့် ထမင်းဘူးကို သူ့ရှေ့ချပေးလိုက်ရင်း

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now