Ep-28(Unicode)

15.8K 1.6K 57
                                    




လှိုင်းရိုက်ခတ်မှုကြောင့်  ပုခက်လွှဲသလိုလှုပ်နေသော သစ်သားလှေကြီးအား ညိုခွန်း အနီးကပ်မြင်နေရတာကြောင့် ဘေးကလူကြီးရဲ့ လက်ကို တင်းနေအောင်ဆုပ်ကိုင်မိသည်။တစ်ခါကြုံဖူးပြီးသား အသက်ဘေးသယ်ဆောင်ထားသည့် ထိုလှေကြီးအား သူ ကြာကြာမကြည့်နိုင်။ငါးဖမ်းပိုက်တစ်ချို့ထမ်းထားသော တိမ်နက်ဘက်လှည့်လိုက်ပြီး

"ဂရုစိုက်နော်"

"အင်း"

"ကျွန်တော် သောင်ပြင်ကပဲ ဦးကိုထွက်စောင့်နေမယ်"

ခေါင်းညိတ်ပြကာ ညိုခွန်းရဲ့ ခေါင်းကိုပုတ်လိုက်ပြီး

"ကိုယ်သေချာပေါက် ပြန်လာခဲ့မယ်နော် ... မင်းအတွက် ငါးတွေအများကြီးရှာခဲ့မယ်"

"ဟုတ်"

တစ်ပတ်တစ်ခါ ငါးဖမ်းထွက်မယ့် လှေထဲမှာ တိမ်နက်ရော လိုက်ရသည်။လှေက ကမ်းနားကနေ တဖြည်းဖြည်းထွက်ခွာသွားသည်အထိ  သူ့ဘက်မျက်နှာမူပြီး ရပ်နေသော  တိမ်နက်ကိုပဲ လှမ်းကြည့်နေမိ၏။

ဒီကျွန်းမှာ တိမ်နက်မရှိတာနဲ့ ညိုခွန်းက အလိုလို အကာကွယ်မဲ့သွားတဲ့ ယုန်သူငယ်လို။ကျွန်းမှာအတူတူရှိနေရင် ဘယ်ကိုသွားသွားမကြောက်ပေမယ့်  ပင်လယ်ပြင်ဘက်ထွက်ခွာသွားတိုင်း ကမ္ဘာတစ်ဖက်ခြားသွားသလို ခံစားရမြဲပင်။

တဖြည်းဖြည်း သေးငယ်သွားတဲ့ လှေကို မျက်စိတစ်ဆုံးကြည့်နေပြီး မမြင်ရတော့ဘူးဆိုမှ ညိုခွန်းကျောက်ဆောင်ပေါ်ကဆင်းလိုက်သည်။သဲပေါ်ခြေချပြီးသည်နှင့် ခပ်လှမ်းလှမ်းမှ သူ့ဆီကို ဦးတည်လာနေသော လူတစ်စု။ဒီတစ်ခေါက် ငါးဖမ်းလှေမှာ ယက္ခရော ငမန်းရောနေခဲ့တာဖြစ်ပြီး တိမ်နက်အပါအဝင် အဖွဲ့သား ၁၀ယောက်သာ ထွက်တာဖြစ်သည်။ညိုခွန်း ကြောင်ရပ်နေမိတုန်းမှာပဲ အနားရောက်လာပြီး ငမန်းဆိုတဲ့လူက ဘာမှမပြောဘဲ ဓားနဲ့ရွယ်လိုက်တာကြောင့် မျက်လုံးမှိတ်ကာ လက်နဲ့ ယောင်ကာလိုက်မိ၏။သို့​သော် ဓားချက်ကသူ့အပေါ်ရောက်ရှိမလာခဲ့။ ငမန်းခုတ်လိုက်တဲ့ ဓားသွားကို ယက္ခလက်နဲ့ ပြန်ရိုက်တာဖြစ်သည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now