Ep-20(Unicode)

18.2K 2K 87
                                    


နေရောင်ပြင်းပြင်းက သဲသောင်ပြင်ပေါ် ကျရောက်နေပြီး ပင်လယ်ရေလှိုင်းများဖြင့် ရောနှောသွားသော အနီရောင်သွေးများ။
ဓားကိုယ်စီဖြင့် သတ်ဖြတ်နေကြသော လူတစ်စုအား ညိုခွန်း ဆက်မကြည့်နိုင်တော့တာကြောင့် မျက်လုံးမှိတ်ကာ အပင်ကို ကျောနဲ့ကပ်မှီထားလိုက်သည်။ပိန်းရိုင်းပြောသလို ဒီနေရာက သူတို့စံအိမ်ထက်ကို အများကြီးပို၍ ကြောက်စရာကောင်း၏။ လူ့အသက်တစ်ချောင်းဟာ အရေးမပါသလို ခဏလေးအတွင်း ပျောက်ကွယ်သွားနိုင်သည်။

"ဟေး "

ညိုခွန်းပေါ် အုပ်မိုးကျလာသောအရိပ်တစ်ခု။စိုးရိမ်နေသော အညိုရောင်မျက်ဝန်းများက ညိုခွန်းတစ်ကိုယ်လုံးကို ခြစ်ရာတစ်ခုတောင် အထင်မခံနိုင်သလို စေ့စေ့ကြည့်သည်။

ရင်ဘက်နဲ့လက်တွေအပြင် ပါးပြင်ပေါ်အထိပါ သွေးတွေစွန်းထင်းနေသော တိမ်နက်က သူ့မှာ ဒဏ်ရာရှိမရှိလည်း သိမည်မဟုတ်။ ညိုခွန်း သွေးများပေနေသော လက်မောင်းနဲ့ရင်ဘတ်ကို သေချာကြည့်ပြီး ထိခိုက်ထားတာမရှိဘူးဆိုမှ သက်ပြင်းချမိသည်။ဆူဆူညံညံအသံတွေ တိတ်ဆိတ်သွားသောကြောင့် ကမ်းခြေဘက် လှည့်ကြည့်လိုက်တော့ ရန်ပွဲပြီးလို့သွားပြီဖြစ်သည်။အနိုင်အရှုံးတွက်ချက်ရမည်ဆိုလျှင် သင်္ဘောကို ဦးဆောင်လာသော လူရဲ့ခေါင်းက ယက္ခ၏ ခြေထောက်အောက်တွင် ခန္ဓာကိုယ်နဲ့ တွဲရက်ရှိမနေပေ။ညိုခွန်းချက်ချင်း တိမ်နက်ဘက်ကို အမြန်အကြည့်ပြန်လွှဲလိုက်ရပြီး

"အိမ်... အိမ်ပြန်ရအောင်"

"အင်း "

ပုံမှန်အတိုင်းလမ်းလျှောက်နေပေမယ့် ယိုင်လဲမကျအောင် ထိန်းနေရသည်။ကိုယ့်ရှေ့မှာ လူသတ်တာတွေကို မြင်ရတာက ပထမဆုံးမဟုတ်သော်လည်း တွေ့ရတဲ့ အကြိမ်တိုင်းမှာ သူ့အတွက် အသားမကျနိုင်သေးပေ။

"မင်းအဆင်ပြေရဲ့လား"

အိမ်အပြန်လမ်းတစ်လျှောက်လုံး လက်မောင်းကို တွဲထားပေးသော တိမ်နက်က ညိုခွန်းမျက်နှာကို သေချာကြည့်ပြီးမေးသည်။ထိုအခါ လက်မောင်းမှာကိုင်ထားတဲ့ တိမ်နက်လက်အား ခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်ပြီး

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now