Ep-14(Unicode)

17.4K 1.9K 140
                                    



တိမ်ထူထပ်သော ပင်လယ်ပြင်ရဲ့ ညနေဆည်းဆာအောက်မှာ သောင်ပြင်ကြီးက အပူချိန်လျော့နေသည်။လှိုင်းနဲ့ အတူ ရိုက်ခတ်လာသော ဆားနံ့လေကို ခပ်ပြင်းပြင်းရှူရှိုက်လျက် ညိုခွန်း မျက်နှာ မှုန်ကုပ်လျက်။ဒူးဖုံးဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်နှိုက်ပြီး ရှပ်အင်္ကျီအညိုရောင်က လေနဲ့လွင့်ကာ သူ့ရဲ့အသားမှာ ကပ်၍နေသည်။

ခြေဗလာဖြင့် သဲပြင်ပေါ် လျောတိုက်လျှောက်ရင်း အုန်းသီးခွံတစ်ခြမ်းအား ခြေထောက်နဲ့ လွှဲစောင့်ကန်လိုက်ကာ

"သေစမ်း !   မိုးတိမ်နက် ခင်ဗျားကြီး သေလိုက်စမ်းပါ"

မနက်ခင်းက အတူအိပ်ဖို့လာပြောသော အမျိုးသမီးကို ဘာမှမတုန့်ပြန်ပေမယ့် နေ့ခင်းတစ်ခေါက် ထပ်လာပြောတော့ ခေါင်းညိတ်လေသည်။ ဘေးကနေ မခံမရပ်နိုင်ဖြစ်လိုက်ပုံများ အသားတွေတောင်တုန်လို့။ အတူအိမ်မယ်ပြောတဲ့ မိန်းကလေးတိုင်းကို ဒီအတိုင်း လက်ခံနေတော့မှာလားမသိ။တားဆီးပိုင်ခွင့်မရှိသလို သူတို့နှစ်ယောက် ချစ်ကြည်နူး နေတာကို မကြားချင်တာကြောင့် အိမ်ကနေ ထွက်လာခြင်းဖြစ်သည်။အခု သောင်ပြင်ဘက်ရောက်လာတဲ့ အထိ အခဲမကျေနိုင်။တွေးရင်း တွေးရင်း ဒေါသထွက်သည်။

ဒါကြောင့် ဒေါသကို အုန်းခွံပေါ်  ပုံချလိုက်သော်လည်း သူကန်လိုက်တာ အုန်းသီးအခွံမဟုတ်ဘဲ လိပ်တစ်ကောင်ဖြစ်နေသည်။ကန်လိုက်တဲ့အရှိန်ကြောင့် ပက်လက်လှန်သွားသော လိပ်က ခေါင်းကို ဝင်လိုက်ထွက်လိုက်ဖြင့် ခြေတွေ၊လက်တွေကယက်ကန်ယက်ကန်ဖြစ်နေသည်။ညိုခွန်း လက်နဲ့အသာပြန်မှောက်ပေးလိုက်တော့ ဖြည်းဖြည်းချင်း ပင်လယ်ဘက် ပြန်ဆင်းသွား၏။

"ဟေ့ ... ကိုလူဖြူ"

ညိုခွန်းရဲ့ နောက်ကျောဘက်ကနေ ထွက်လာသော ကလေးတစ်ယောက်အသံ။ လှည့်ကြည့်လိုက်တော့ လက်ထဲတွင် ဓားတွေကိုင်ထားပြီးရပ်နေသော ကလေး(၅)ယောက်အဖွဲ့ကြောင့် ညိုခွန်း မျက်ခုံးပင့်သွားသည်။

အလွန်ဆုံးရှိမှ (၁၀) နှစ်သားလေးတွေပဲကို ဘယ်နှယ့် ဓားတွေနဲ့တုန်း။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now