Ep-18(Unicode)

19.5K 1.9K 130
                                    






သောင်ပြင်ကနေ အိမ်အထိ ညိုခွန်းကို ပွေ့ထားရက်အတိုင်း တိမ်နက်ချီခေါ်သွားသည်။အိမ်ရောက်တော့  ချမ်းပြီးတုန်နေတဲ့ကြားက ငါးညှီနံ့တွေစွဲနေတာကြောင့် ရေစိုနေတဲ့ အင်္ကျီကိုချွတ်ပေးရင်း

"ရေမြန်မြန်ချိုးလိုက်နော် "

ခပ်မာမာပဲ အမိန့်ပေးခဲ့ဖူးတဲ့ တိမ်နက် နှုတ်က ဒီလိုညင်ညင်သာသာ ထွက်လာလိမ့်မယ်လို့ ကိုယ်တိုင်တောင်မထင်။ဘောင်းဘီကိုချွတ်ဖို့ လှမ်းလိုက်တဲ့ လက်ကို ပြန်ကိုင်ထားပြီး ခေါင်းရမ်းပြသည်။ သဘောက သူ ရေမချိုးချင်ဘူးဆိုတဲ့ပုံ။လက်မောင်းကနေ ဆွဲယူလိုက်တော့ ရုန်းကန်ခြင်းမရှိပါလာပြီး ဒီကောင်လေးအသားက ဘယ်နေရာထိထိ တငွေ့ငွေ့ပူနေပြီ။ဒါကြောင့် မြန်မြန်ချိုးပေးရန် ရေချိုးခန်းထဲထည့်ကာ ရေလောင်းဖို့လုပ်တော့ ရင်ခွင်ထဲ တိုးဝင်ဖက်တွယ်လျက်

"ချမ်းတယ်"

"အင်း ...ခဏလေးပဲ"

"ဖက်ထားပေး...ကျွန်တော်ချမ်းနေတယ်လို့"

ချွဲတာမဟုတ်ဘဲ တိုးဖျော့သောအသံက တိမ်နက်ရင်ကို အရှိန်ပြင်းပြင်းရိုက်ခတ်လိုက်ချိန် အသက်ကိုလိုသည်ထက် ရှူသွင်းပြီးမှ  ဖြည်းဖြည်းချင်း ပြန်ထုတ်မိသည်။ထို့နောက် ခါးကနေ ဆွဲကာအနီးဆုံးဖြစ်အောင် ရင်ခွင်ထဲ ကပ်ထားပြီး ရေကို နှစ်ယောက်လုံးပေါ်လောင်းချလိုက်၏။

တဆက်ဆက်တုန်နေသော ခန္ဓာကိုယ်က သူ့လက်တစ်ဖက်စာ တစ်ပွေ့တင်။ရေထိတော့ ပိုချမ်းပြီး ပုခုံးပေါ်ကို လက်နှစ်ဖက်နဲ့ အတင်းကုပ်တွယ်ထားသည်။ထိန်းချုပ်နေသည့်ကြားကနေ တိမ်နက်ရဲ့အသိစိတ်တို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်ကာ ရုတ်တရက် နံရံဆီ ဆွဲကပ်လိုက်မိ၏။ညိုခွန်း လက်နှစ်ဖက်ကို   သူ့လက်တစ်ဖက်တည်းနဲ့ ချုပ်ပြီး ခေါင်းအပေါ် မြှောက်လိုက်တော့ မျက်နှာလေးက အလန့်တကြားမော့ကြည့်လာသည်။တစ်ခုခုမေးဖို့အတွက် ဖွင့်ဟလာတဲ့ နှုတ်ခမ်းအား စကားလုံးမထွက်နိုင်အောင်  သူ့နှုတ်ခမ်းနဲ့ပိတ်ချလိုက်သည်။

လက်နှစ်ဖက်ကို ချုပ်ထားတဲ့လက်က အားပါပေမယ့် မေးရိုးကို ကိုင်ထားတဲ့ တစ်ဖက်ကတော့ ဖွဖွလေး။ခေါင်းစောင်းပြီး တရှိုက်မက်မက်နမ်းနေသော တိမ်နက်ကို ညိုခွန်း မျက်လုံးအပြူးသားလေးနဲ့ ကြည့်နေသည်။မြန်လွန်းတဲ့နှလုံးခုန်သံက  သူ့ကိုယ်တိုင်တောင် ပြန်ကြားနေတဲ့အထိ ကျယ်လောင်၏။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now