Ep-24(Unicode)

16.8K 1.8K 43
                                    


နေသာသော မနက်ခင်းတစ်ခု။ပွက်နေပေမယ့် ဆန်စေ့မကျေသေးသော ဆန်ပြုတ်အိုးကို ညိုခွန်းမွှေနေရင်း အချိန်ကို ကြည့်လိုက်သည်။မနက် ၈နာရီခွဲဖြစ်သော်လည်း တိမ်နက် နိုးမလာသေး။

အရင်ကဆို ညိုခွန်းမနိုးခင် ရေချိုးပြီးနေပြီဖြစ်သော တိမ်နက်က ဒီအချိန်ထိ အိပ်တာ ပထမဆုံးအကြိမ်ပင်။ကျွန်းမှာ လျှပ်စစ်မရှိတာကြောင့် မီးသွေးနဲ့တည်ရတာဖြစ်ပြီး ဆန်ပြုတ်အိုးကို ရေနည်းနည်းထပ်ထည့်လိုက်သည်။ပစ်ထားလို့ရပြီဆိုမှ အခန်းထဲဝင်လာလိုက်တော့ တစ်ကိုယ်လုံးစောင်ခြုံထားပြီး မျက်နှာပဲဖော်ထားသော တိမ်နက်က အိပ်မောကျနေဆဲပင်။

ညိုခွန်း ခုတင်ဘေးမှာထိုင်လိုက်ပြီး  တည်ငြိမ်နေသောမျက်နှာမှ နှဖူးပြင်ထံ လက်လှမ်းလိုက်သည်။ထင်တဲ့အတိုင်း တငွေ့ငွေ့ပူနေသော အသားကြောင့် သူရထားတဲ့ ဒဏ်ရာတွေကို ဒီထက်ပိုပြီး ဆေးထည့်ဖို့လိုနေပြီ။

ပြတင်းပေါက်မှ မနက်နေအလင်းရောင်ဖြင့် တိမ်နက် မျက်နှာကို ငေးမောမိသည်။ဒီလူကြီးက ချောမောတယ်ဆိုတာထက် မျက်လုံး၊မျက်ခုံးနဲ့နှာတံတို့က ပြေပြစ်နေတာ။ကိုယ်ချစ်တဲ့သူမို့ ပိုပြောတာမဟုတ်ပေမယ့် ပုံအမှန်အတိုင်းဝတ်စားဆင်ယင်တာတောင် ခန့်ညားနေပြီး အနောက်တိုင်းဝတ်စုံနဲ့သာဆို ညိုခွန်း တကယ်ပင် အသက်ရှူမှားသည်အထိ သဘောကျမိသည်။

မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်ညိုးလေးနဲ့ လိုက်ထိနေရင်း ပြုံးနေမိ၏။တဖြည်းဖြည်းချင်း ပွင့်လာတဲ့ မျက်ဝန်းညိုတွေကိုမြင်မှ လက်ကို ပြန်ရုတ်လိုက်သည်။ညိုခွန်းကို မြင်တော့ တိမ်နက်  ပြုံးသွားသော်လည်း မျက်နှာက အဖျားရှိန်ကြောင့် သိပ်မလန်း။

အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ဆံပင်တွေကို နဖူးအပေါ်သို့ သပ်တင်လိုက်ပြီး

"ခေါင်းမူးနေလား"

"နည်းနည်း "

"ရေပတ်တိုက်ရင်းနဲ့  မနေ့ကဆေးတွေပြန်ဆေးချပြီး အသစ်ပြန်ထည့်ရအောင် ရေချိုးခန်းထဲကစောင့်နေနော် ကျွန်တော် ဆန်ပြုတ်အိုး သွားကြည့်လိုက်အုံးမယ်"

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now