Ep-5(Unicode)

20.3K 2K 149
                                    



ကျယ်ဝန်းလှသော ခြံထဲတွင် အပန်းဖြေရန် အဆောင်ငယ်လေးတစ်ခုက စံအိမ်ကြီးရဲ့ အရှေ့တောင်ထောင့်အရပ်မှာ နေရာယူထားသည်။စားပွဲဝိုင်းအလယ်မှာ နှစ်ချို့ဝိုင်တချို့နဲ့အတူ ထိုင်နေတဲ့လူ(၂)ဦးအပြင် မတ်တတ်ရပ်နေသူ(၃)ဦး ။
စီးပွားရေးတိုးချဲ့ရန် တာဝန်ယူထားသော ဂိုဏ်းတစ်ခုရဲ့ လက်အောက်ငယ်သားတစ်ယောက်က ထိုင်နေပြီး။ထိုလူရဲ့ ဘေးမှာ စောင့်ကြပ်နေသော လူမိုက်သုံးယောက်။မျက်နှာချင်းဆိုင်မှာ ဦးလေးကြိုင်။

လေးကြိုင်က မိမိခြံဝန်းထဲမှာပဲ ဖြစ်တာကြောင့် ဘေးမှာ ကိုယ့်ဘက်တော်သားမရှိသော်လည်း အေးအေးဆေးဆေးဆေးတံကိုက်ခဲမြဲ။ထို့အတူ တစ်ဖက်လူမှာလည်း မျက်နှာချီလျက်။

"ဒီပမာဏကိုတော့ ကျုပ်တို့ဘက်က မလိုက်နိုင်ဘူး ခင်ဗျားတစ်ထစ်လောက်တော့ လျော့လိုက်ပါ ဦးလေးကြိုင်"

အရင်ကဆို နယ်မြေတိုးချဲ့လာရင် ဘာမှမမေး အကုန်တန်းစီရိုက်ပွဲ ၊ သတ်ပွဲဖြစ်ကြသော်လည်း မကြာသေးခင်ကမှ ပြောင်းလဲကျင့်သုံးလာသော နည်းစနစ်က အခွန်ခသဘောပေးဆောင်ရခြင်းဖြစ်သည်။သူက ကိုယ့်နယ်မြေဘက် စျေးကွက်ချဲ့မယ်ဆိုရင် ပထမအချက် ကိုယ့်ဆီက ထွက်ကုန်တွေနဲ့ တူညီမနေရ။ဒုတိယအချက် သင့်တင့်သော စျေးနှုန်းထားရှိရမည်။တတိယအချက် လိမ်ညာလှည့်ဖျားခေါင်းပုံဖြတ်ခြင်းမပြုရ။စတ္တုထအချက် အမြတ်ငွေထဲကနေ နယ်မြေပိုင်ဆီကို ၄၀% ပေးရမည်။တစ်ဝက်တိတိတောင် မဟုတ် (၄၀)ရာခိုင်နှုန်းသာ။ အပြန်အလှန်အနေဖြင့် နယ်မြေပိုင်ဘက်က သူ့တို့ရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံပေးရမည်။ ပိုက်ဆံနဲ့ ပစ္စည်းဥစ္စာက ပြန်ရှာလို့ရပြီး အသက်ကပြန်ယူလို့ရတဲ့အမျိုးမဟုတ်။ ဒါကို ကပ်စေးနှဲပြီး အသက်စွန့်ချင်နေသော လူမိုက်ပေါက်စတို့အား လေးကြိုင် ပြုံးပြုံးလေးကြည့်ကာ

"မရဘူးကွယ့် ... လူလေးရဲ့"

"ခင်ဗျားတို့ ဂွင်ထဲ ရောက်တာနဲ့ ခေါင်းပုံဖြတ်ရောလား... ထည့်ထားတဲ့ စည်းကမ်းချက်ကိုမှ အားမနာ"

"ဟား ဟား ... တယ်စွာသကိုး"

လေးကြိုင်က ပြောရင်း မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လူရဲ့အနောက်မှာ လာနေသော သူကို လှမ်းကြည့်ရင်း ရယ်တာရပ်သည်။ထို့နောက် ဝိုင်ခွက်ကို မြှောက်ကိုင်လျက်

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now