Ep-23(Unicode)

16.7K 1.9K 101
                                    


ခေါင်းကို တူနဲ့ထုနေသလို ကိုက်ခဲတဲ့ ဒဏ်ဖြင့် ညိုခွန်းနိုးလာသည်။ မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်မိတော့ မှောင်မည်းနေတဲ့ မြင်ကွင်းကြား သစ်ပင်တို့အား ဝိုးတဝါးမြင်ရ၏။

"နိုးပြီလား"

ခြေရင်းဘက်မှ ထွက်လာသော အသံပိုင်ရှင်က သူ့ကိုကျောပေးထိုင်နေသည်။ဂုတ်ထောက်နေသော ဆံပင် ၊အဝတ်မပါသော ကျောပြင်နဲ့ နံချောင်မှာ ထိုးထားသော အင်းကွက်တွေကြောင့် ဘယ်သူဆိုတာ ညိုခွန်းသိလိုက်သည်။သူတို့နှစ်ယောက်လုံး သင်္ချိုင်းမြေက ဇရပ်ပေါ်မှာရောက်နေပြီး သရဲမြင်ကာ မေ့သွားတာကို သတိရလာသည်။ထို့ကြောင့် အခုထိ ခြောက်ခြားစရာကောင်းနေတဲ့ အငွေ့အသက်တွေကြား ညိုခွန်း ကြောက်ရမယ့် လူနားကိုပင် တိုးကပ်သွားမိသည်။

ထိုလူက အမြဲတမ်း အင်္ကျီမပါပေမယ့် ပုံသဏ္ဌာန်ကိုမြင်ရသေးတယ်မလား။သရဲကမှ ဘယ်နေရာကနေ ဘယ်လိုပုံစံမျိုးနဲ့ပေါ်လာမလဲမသိတာကြောင့် ပိုကြောက်စရာကောင်း၏။

"ဟို ... "

ညိုခွန်းအသံပေးလိုက်တော့ လှည့်ကြည့်လာသည့် မျက်လုံးတွေက အမှောင်ထဲမှာပို၍တောက်ပနေသည်။လက်ထဲမှာလည်း ဓားမြောင်တစ်ခုနဲ့ ဝါးကိုအချွန်ပုံစံဖြစ်အောင် လှီးဖြတ်နေတာကြောင့် ညိုခွန်း ပြောမယ့်စကားပျောက်ကာ တောင့်တောင့်လေးဖြစ်သွားသည်။

"ဘာလဲ "

"ကျ.. ကျွန်တော် အိမ်ပြန်ချင်လို့"

"ပြန်လေ"

ခွေးအူသံလိုလို လေတိုက်တိုးသံလိုလိုနဲ့ ကြောက်စရာကောင်းနေသော အမှောင်ထုကြီးထဲ မညှာမတာမေးငေါ့ပြန်ခိုင်း၏။လူကိုများသူ့လို မကြောက်တတ်ဘူးများမှတ်နေလားမသိဘူး။

"မပြန်ရဲဘူး"

"မပြန်ရဲရင်  မပြန်နဲ့ပေါ့"

"....."

သူလုပ်နေတဲ့အလုပ်မပျက်စေဘဲ အေးအေးဆေးဆေးပြောနေတဲ့ ခေါင်းနီကို ညိုခွန်း စောင့်ကန်ချင်စိတ်ပေါက်လာသည်။မလုပ်ရဲလို့သာ။

"ဒီမှာလည်း မနေရဲဘူးလေ ဗျ"

ကျစ်ခနဲ စုတ်သတ်လျက် လက်ထဲကဝါးလုံးကို ပစ်ချကာ ညိုခွန်းဘက် တည့်တည့်လှည့်လာ၏။ထ်ို့နော​က် အရောင်လဲ့နေသော မျက်ဝန်းတွေက စိုက်ကြည့်ရင်း

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now