part21(Unicode)

35K 2.8K 615
                                    

"ညနေကျ အလုပ်ရှိတယ်လေ..."

"...."

"မွေးနေ့လည်း ဘာဖြစ်လဲ အနူးပဲအစားဆုတောင်းပေးလို့ရတာပဲ..."

"...."

"ကျွန်တော့်အလုပ်က ဖျက်လို့မှမရတာ..."

"...."

"ဟုတ်ပါပြီ ညနေကျ လာခဲ့ပါ့မယ်...."

ဘေးနားမှာကပ်၍ စကားပြောနေသံတွေက နားထဲသို့အတိုင်းသားတိုးဝင်လာနေသည်။မနေ့ညတုန်းက ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိလိုက်ပေ။အခုစိတ်နှင့်ခန္ဓာ သတိကပ်လာတော့ ပထမဦးဆုံး နာကျင်မှုတွေက အလုအယက်တိုးဝင်လာကြ၏။ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသလိုမျိုး နာကျင်ကိုက်ခဲနေကာ လက်ချောင်းလေးပင်လှုပ်လိုက်ဖို့ အင်အားမရှိချေ။ခန္ဓာကိုယ်အောက်ပိုင်းဆီမှ နာကျင်မှုကိုလည်း သိသိသာသာခံစားနေရ၏။
ပြီးတော့ ညတုန်းက ထိုးကြိတ်ခံထားရသည့် ဒဏ်ရာကလည်း အခုသွေးအေးတော့မှ တဆစ်ဆစ် ကိုက်ခဲလို့လာနေလေသည်။ညတုန်းကတော့ သွေးပူနေတာရယ် အရက်အရှိန်ဖြင့် နာကျင်မှုကို တိတိပပသတိမရချေ။အခုကျတော့ တစ်ကိုယ်လုံးဟာ တစ်စစီပြုတ်ထွက်ကြေမွတော့မည့်အလား နာကျင်ကိုက်ခဲလို့နေလေသည်။

ထို့ကြောင့် လှဲနေသည့်အတိုင်း ပုံစံမပျက်စေပဲ မျက်ဝန်းတို့အား ဖွင့်ကြည့်လိုက်တော့ ကျောပြင်ကျယ်တစ်ခုက မြင်ကွင်ရှေ့ရှိနေ၏။ဖုန်းပြောပြီးသွား၍ ဆိုင်းလော့ဒ်က ဖုန်းအားစားပွဲပေါ်ပြန်ချပြီး ကုတင်အောက်ရှိ ဂျင်းဘောင်းဘီအား ကောက်ယူနေသည်။ပြီးတော့ boxerတစ်ထည်သာရှိနေသော ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ဖို့ ကြိုးပမ်းလို့နေလေသည်။ညတုန်းက သူ့ဘေးမှာပဲ ဝင်အိပ်လိုက်တာများလား။သူလည်း သေချာမမှတ်မိတော့ပေ။

"သွားစရာရှိလို့လား....."

သူမေးလိုက်တော့ ဆိုင်းလော့ဒ်၏ လှုပ်ရှားမှုတို့နှေးကွေးလို့သွား၏။သို့သော် သူ့ဖက်တော့ လှည့်မလာခဲ့ပဲ....

"မရှိဘူး..."

ခပ်ဆတ်ဆတ်လေသံက ပြတ်တောင်းစွာ ထွက်ပေါ်လို့လာ၏။လေသံပုံမှန်မဟုတ်တာ သိနေတာမို့ သူ့စိတ်ထဲတစ်မျိုးဖြစ်သွားရ၏။ဘာကိုများစိတ်မကြည် ဖြစ်နေရတာလဲ။ညကကိစ္စကြောင့်များလား။ညကကိစ္စကို မကြည်လင်ဘူးဆိုရအောင်လည်း သူကိုယ်တိုင်ပဲ သဘောတူကြည်ဖြူစွာ ပူးပေါင်းခဲ့တယ် မဟုတ်ဘူးလား။ရှင်းခန့်ဟိိုဟိုဒီဒီ တွေးနေမိပြီးမှ....

Wild  Rose(complete)Where stories live. Discover now