part22(Unicode)

36.3K 3.4K 670
                                    

အသက်ရှုသံပြင်းပြင်း လေငွေ့နွေးနွေးက မျက်နှာတပြင်လုံးအား တိုးဝှေ့ကျီစယ်နေသည်။မျက်နှာနှစ်ခုက နီးကပ်လွန်းသည့် အနေအထား၌ ရှိနေသလို ရှင်းခန့်၏ တစ်ကိုယ်လုံးအား ဆိုင်းလော့ဒ်က လွှမ်းခြုံအုပ်မိုးထားသည်။
သံလိုက်တစ်စုံ၏ ဆွဲဆောင်ညှို့ငင်အားတွေလိုမျိုး မျက်ဝန်းနှစ်စုံဟာ အကြည့်တို့စူးစိုက်မိနေကြသည်။တစ်စုံတစ်ရာကို ဆာလောင်စွာတောင်းခံနေကြသည့် မျက်ဝန်းအကြည့်တွေထဲ သူကိုယ်တိုင်လည်း လှိုက်ဖိုမော၍လာ၏။ဒီအခြေအတွက် တကယ်ကို ရည်ရွယ်ချက်ရှိခဲ့တာမျိုးမဟုတ်ပါပဲ ဒီကောင်လေးကို ပေါ့ပျက်ပျက် ပစ်စလက်ခက် မနေစေချင်ရုံသာဖြစ်သည်။

ဆိုင်းလော့ဒ်က သူ့၏လက်နှစ်ဖက်အား အိပ်ရာခင်းပေါ်ဖိကပ်ချုပ်ကိုင်ထားရင်း အစာကိုခုန်အုပ်ဖို့ရာ အသင့်ပြင်ထားသော ကျားတစ်ကောင်ကဲ့သို့ ဟန်ပန်မျိုးဖြင့်ရှိနေသည်။မျက်ဝန်းအကြည့်တွေကအစ စူးရဲနက်ရှိုင်းနေကာ သူ့ကိုချက်ချင်း မြိုချစားသောက်တော့မည့်အတိုင်း။သူ အနေခက်သလိုမျိုး မျက်နှာကိုလွှဲ၍ ချူပ်ကိုင်ထားသော လက်အား အနည်းငယ်ရုန်းဖယ်ကြည့်လိုက်ပေမဲ့ အချည်းအနှီးသာ။မျက်ခုံးလေးတွေတွန့်၍ မျက်နှာလေးမဲ့နေသော ရင်ခွင်အောက်မှ လူအားကြည့်ကာ ဆိုင်းလော့ဒ် နှုတ်ခမ်းတွန့်ပြုံးပြီးမှ...

"ခင်ဗျားပဲအရင်လာစတာ မဟုတ်လား..."

"ဘာစလို့လဲ ဒီအတိုင်းလက်ဆောင်ပေးတာ..."

ရှင်းခန့်က သူ့ထုံးစံအတိုင်း တိုးဖွဖွလေးပြော၏။ဆိုင်းလော့ဒ် ဂျစ်ကန်ကန် နှုတ်ခမ်းတွန့်ပြုံးပြီးမှ....

"အဲ့လက်ဆောင်ကို ခင်ဗျားနဲ့သုံးလို့ရတယ်ဆို...."

"....."

ပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ မျက်နှာကပို၍နီးကပ်စွာ ငုံ့ကျလို့လာသည်။

"အဲ့ဒါကို အခုသုံးချင်လို့..."

နားနားကပ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး နားရွက်ဖျားလေးအား ခပ်ဖွဖွဖိကိုက်ကာ လျှာဖျားလေးဖြင့် ထိုးကလိသည်။ဆိုင်းလော့ဒ်၏ အပြုအမူကြောင့် ငြင်းဆန်ချင်နေသော စကားလုံးတို့ဟာ လည်ချောင်းဝ၌တင် တစ်ဆို့ပျောက်ကွယ်ကုန်သည်။တစ်ကိုယ်လုံးလည်း ဓာတ်လိုက်သလိုမျိုး ကျဥ်တက်လာရပြီး ရင်တွေတလှပ်လှပ် ခုန်လှုပ်လာရသည်။

Wild  Rose(complete)Where stories live. Discover now