သင်္ကြန် / သၾကၤန္ (Extra)

6.8K 549 31
                                    

Unicode

မဟာသင်္ကြန်အကျနေ့ ။

တမြန်နေ့ညက ရွာခဲ့သော မိုးပြေးလေးကြောင့် မနက်ခင်းတွင် မြေသင်းနံ့လေး ခပ်ပါးပါးရနေသည် ။ သစ်ပင်များသစ်ရွက်များတွင်လည်း ရေစက်လေးတွေ တွဲခိုစီးလျက် ရှိနေကြသည် ။ ပတ်ဝန်းကျင်တစ်ခွင်တွင်လည်း ပန်းရနံ့များ ခပ်သင်းသင်းမွှေးလို့နေသည် ။

ပြတင်းတံခါးကို ဖွင့်လိုက်ချင်းမှာပင် မြင်လိုက်ရသော မြင်ကွင်းတို့ကြောင့် ဒေါ်တင်မမမျိုးတစ်ယောက် အလိုလိုပြုံးမိသွားသည် ။ တစ်ဆက်တည်းမှာပင် ပေါ်လာသည့်အတွေးကို အကောင်အထည်ဖော်ရန် တံခါးဖွင့်ကာ အခန်းအပြင်သို့ ထွက်လိုက်သည် ။

'' နိုးပြီလား မေမေ ''

ဧည့်ခန်းထဲသို့ ခြေချရုံပင်ရှိသေး မီးဖိုချောင်ဘက်မှ ထွက်လာရင်း မေးလေသည့် သားလတ်ဖြစ်သူကြောင့် ဦးတည်ရာကို ရပ်တန့်ကာ ပြန်ပြောလိုက်သည် ။

'' အစောကြီးနိုးနေပါလား ကိုလတ် ၊ မိုးအေးအေးနဲ့ အိပ်နေဦးမယ်ထင်တာ ''

'' မေမေ ဘုန်းကြီးကျောင်းသွားမှာဆိုတော့ မနက်စာလေး စားသွားလို့ရအောင် ခြောက်နာရီထိုးတည်းက ထပြီး ပြင်ဆင်နေလိုက်တာ ၊ အခု ခုနစ်နာရီတောင် ထိုးတော့မယ်လေ ''

သင်္ကြန်က လေးရက်ကျမှာဖြစ်ပြီး အကျနေ့မှသာ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်မှာပင် ။

'' အေး ကောင်းသားကွယ်... ဒါနဲ့ မောင်မြတ်ဘုန်းရော အိပ်နေတုန်းပဲလား ''

ရှာနေသည့်သူကို အရိပ်အယောင်မတွေ့သည်ကြောင့် မေးလိုက်သည် ။

'' မေမေလည်း ကြည့်မရဘူးသာဆိုတယ် ၊ မနက်ရောက်တာနဲ့ သမက်ကို ရှာတော့တာပဲ ''

သားဖြစ်သူ၏စကားကြောင့် သူ(မ)မျက်စောင်းထိုးလိုက်သည် ။

'' ရှိပါတယ်ဗျာ ဒီမှာ လာပါပြီ ''

အသံနှင့်အတူ မြတ်ဘုန်းခန့်က ပိတောက်ပန်းများ တပွေ့တပိုက်နှင့် ဝင်လာသည် ။

'' လှလိုက်တာ အများကြီးပါလား ကိုမြတ်ဘုန်းရ... ''

သားကလည်း ပြောလိုက်သလို သူ(မ)မျက်လုံးများလည်း ဝင့်တက်သွားမိသည် ။ သမက်ဖြစ်သူက ပြောလာသည် ။

I Want A Son-In-Law [Completed] Where stories live. Discover now