ဇာတ်သိမ်းပိုင်း / ဇာတ္သိမ္းပိုင္း

28.6K 2.3K 174
                                    

Unicode

အရှိန်ပြင်းပြင်းနှင့်မောင်းလာသော ကားအနက်လေးတစ်စီးသည် သံလွင်လမ်းထဲရှိ ခြံတစ်ခြံရှေ့တွင်ရပ်လိုက်ကာ ကားဟွန်းကို အဆက်မပြတ်တီးနေလေသည်။ ထိုခြံရှိ လူတစ်ကိုယ်စာထွက်လို့ရသည့် တံခါးပေါက်မှ လူတစ်ယောက်ထွက်လာပြီး ကားအနားသို့ရောက်လာသဖြင့် မှန်ချပေးလိုက်သည်။

" ဘယ်သူနဲ့ တွေ့ချင်လို့လဲဗျ ''

ထိုကောင်လေးက မေးလာ၏ ။ ခြံစောင့်ဖြစ်ဟန်တူသည် ။

" မဆွေဇင်မြတ်နဲ့တွေ့ချင်လို့ '' ဟု ဖြေလိုက်ရာ ထိုကောင်လေးက မေးခွန်းဆက်ထုတ်သည် ။

" ဟုတ်ကဲ့ ဘယ်သူလို့ပြောပေးရမလဲဗျ ''

" မြတ်ဘုန်းခန့်လို့ပြောပေးပါ ''

" ဟုတ်ကဲ့ ခဏလေးစောင့်နော် ၊ မမလေးကိုပြောပေးပါမယ် ''

ထိုခြံစောင့်ကောင်လေးမှာ ခြံအတွင်းဘက်သို့ပြေးဝင်သွားပြီး ခေတ္တအကြာ ခြံတံခါးက ဖြည်းညှင်းစွာပွင့်လာသဖြင့် ခြံထဲသို့ ကားကိုမောင်းဝင်သွားလိုက်တော့သည်။ ဆင်ဝင်ရှေ့အရောက် ကားကိုရပ်ပြီးဆင်းလိုက်တော့ ဆွေဇင်မြတ်က ပြုံးရွှင်စွာဖြင့်ရပ်ကာ ဆီးကြိုဆိုနေလေသည်။

လှိုင်းတွန့်သဏ္ဍာန် ခွေလိပ်နေသည့်ဆံနွယ်များကို ဖားလျားချထားပြီး ပိုးသားအပျော့ ကိုယ်လုံးပေါ်ဂါဝန်အကျပ် ပန်းနုရောင်ကိုဝတ်ဆင်ထားသည့် ဆွေဇင်မြတ်၏အသွင်အပြင်က အခြားသော ပုရိသတို့အတွက်ဆိုလျှင်မူ ဆွဲမက်စရာတော့ ကောင်းလှပေမည်။

သို့ပေသိ မြတ်ဘုန်းခန့်အတွက်မူ ဝေယံမျိုးနိုင်နှင့်တွေ့ပြီးနောက် ဣတိယအားလုံးဟာ သာမာန်မျှသာ။ တစ်ယောက်သောသူ သိစမ်းစေချင်ပါသည်။ အတိအလင်းရှင်းလင်းရအောင်လည်း ဦးမြတ်ကောင်းပေးထားသည့် လိပ်စာကတ်အတိုင်း သည်နေရာသို့ ရောက်လာရခြင်းပင်ဖြစ်၏ ။

" ကိုခန့်က မလာစဖူးအလာထူးပါလား ၊ ဒယ်ဒီ့ဆီလား ဆွေဇင့်ဆီလား''

I Want A Son-In-Law [Completed] Where stories live. Discover now