(၂၁)

24.9K 2.6K 341
                                    

Unicode

“ အို...ကျွန်မကတော့လက်မခံနိုင်ပါဘူး ကိုစည်သူ၊ ရှင်လည်း ရှင့်သားအတွက်တွေးသလို ကျွန်မလည်း ကျွန်မသားအတွက်စဉ်းစားရမယ်ရှင် ။ ပြီးတော့ ကျွန်မက ဝမ်းနဲ့လွယ်မွေးထားတာ ကျွန်မသားကို တစ်သက်လုံးအများကြီးမျှော်ကိုးထားတာ၊ ဒီလိုမျိုး ယောက်ျားတစ်ယောက်နဲ့ အလွယ်တကူပေးစားဖို့မဟုတ်ဘူး ‘’

ဝေယံမျိုးနိုင် အခန်းထဲတွင်စာဖတ်နေခိုက် အိမ်ရှေ့ဧည့်ခန်းဆီမှ မိခင်ဖြစ်သူ၏အသံကို ကြားလိုက်ရ၍ တံခါးနားကပ်ကာ နားစွင့်မိသည်။ ဖုန်းပြောနေခြင်းပင်ဖြစ်သည်။ တစ်ဖက်မှ ဘာပြောသည်ကိုမသိရ။

“ ဒေါ်တင်မမ အခုကိစ္စက ခင်ဗျားတစ်ယောက်ပဲ ငြင်းဆန်နေတာ ။ မျိုးနိုင်ကလည်း ပြေပြေလည်လည်ပဲစဉ်းစားထားတာ ကျွန်တော်တို့သိပြီးပြီ ၊ ကလေးတွေလည်း အချင်းချင်းမေတ္တာရှိနေကြတာပဲ ‘’

“ ဪ ကိုစည်သူရဲ့ အကယ်၍သာ သားအချင်းချင်းမဟုတ်ပဲ ကျွန်မရဲ့ သမီးတစ်ယောက်ယောက်နဲ့သာဆိုရင် ကျွန်မကိုယ်တိုင် ဗန်းထဲထည့်ရွက်ပြီး ရှင်တို့ဆီ အိမ်တိုင်ရာရောက် လာဆက်သလိုက်မှာပါပဲ ။ အခုလိုမျိုးကတော့ လုံးဝကိုမဖြစ်နိုင်ပါဘူးရှင်၊ လူအပြောအဆိုခံရမယ့်ကိစ္စမျိုးလည်း မလုပ်နိုင်ဘူး ‘’

“ ခက်တာပဲဗျ သူစိမ်းအမြင်တွေထက် ခင်ဗျားရဲ့သားသမီး စိတ်ချမ်းသာဖို့က ပိုအရေးမကြီးဘူးလား ‘’

“ တခြားနည်းနဲ့လည်း စိတ်ချမ်းသာအောင်ထားလို့ရပါတယ် ကိုစည်သူရယ်၊ အဲဒီကိစ္စအတွက်ဆိုရင်တော့ ကျွန်မတို့ဘက်က ဘာမှထပ်ပြောစရာမရှိတော့ဘူး စကားကုန်ပြီလို့ပဲမှတ်လိုက်ပါ ။ ရှေ့လျှောက် မိတ်ဆွေတွေအနေနဲ့သာ ရှိသွားကြတာပေါ့၊ ကျွန်မဘက်ကပဲ ဖုန်းအရင်ချလိုက်ပါမယ်ရှင့် ‘’

ဖုန်းပြောခြင်းအမှုပြီးသွားသည်နှင့် ဝေယံမျိုးနိုင်လည်း သက်ပြင်းချရင်း အခန်းတံခါးအနားမှ ခွာလိုက်တော့သည်။ ဖုန်းကို မိခင်မှသိမ်းထားသည်ဖြစ်ရာ မြတ်ဘုန်းခန့်ကိုလည်း အဆက်အသွယ်ပင်မလုပ်နိုင်။ အငယ်မကိုလည်း ကူညီပေးခြင်းမပြုလုပ်စေရန် ကြိမ်းမောင်းထားသည်။

I Want A Son-In-Law [Completed] Where stories live. Discover now