(၂၇)

19.1K 2.1K 218
                                    

Unicode

“ ဂုဏ်ယူပါတယ် ကိုမြတ်ဘုန်းခန့် အောင်မြင်ပါစေဗျာ ‘’

“ တကူးတကလာရောက်ပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ ကိုနိုင်သစ်ရေ ‘’

“ မဟုတ်တာဗျာ ကိုယ့်လူတွေပဲ လာရမှာပေါ့ ‘’

မေလ၏ နှစ်ဆယ့်နှစ်ရက်မြောက်နေ့။ သည်နေ့က မြတ်ဘုန်းခန့်၏ကုမ္ပဏီရုံးခန်း စတင်ဖွင့်လှစ်သောနေ့ပင်ဖြစ်၏။ လှည်းတန်းအနီးပြည်လမ်းမပေါ်ရှိ နှစ်ထပ်လုံးချင်းတိုက်နှင့်ခြံကိုဝယ်ထားပြီး အောက်ထပ်တွင် နမူနာအရောင်းပြခန်း၊ စုံစမ်းမေးမြန်းဌာန၊ အုပ်ချုပ်စီမံခန့်ခွဲရေးဌာနနှင့် ဝန်ထမ်းများနားနေခန်း ထမင်းစားခန်းတို့ကိုဖွဲ့စည်းထားသည်။

အပေါ်ထပ်တွင်မူ မြတ်ဘုန်းခန့်၏ရုံးခန်း အရောင်းဌာန ဈေးကွက်ဖြန့်ချိရေးဌာန အင်ဂျင်နီယာနှင့်နည်းပညာဌာန ငွေကြေးစီမံခန့်ခွဲသည့်ဌာနတို့အပြင် ဝန်ထမ်းစိစစ်ခန့်အပ်ရေးဌာနဟူ၍ သက်ဆိုင်ရာဌာနအလိုက်  အခန်းအကန့်များခွဲကာ ဖွဲ့စည်းထားသည်ပင်။

ရုံးခန်းနေရာချမှုပြီးစီးသည်မှာ ဆယ်ရက်ပင်ကျော်ပြီဖြစ်သော်လည်း ဝန်ထမ်းများခန့်အပ်ခြင်းပြီးပါမှ တရားဝင်လူသိရှင်ကြားဖွင့်လှစ်ခြင်းဖြစ်သည်။ တစ်နည်းဆိုသော် မိမိတို့၏လုပ်ငန်းအကြောင်း လူပိုသိအောင် မိတ်ဆွေမိတ်သစ်ရအောင် ထိုခြံထဲတွင်ပင် ဖွင့်ပွဲနှင့်ဒင်နာဧည့်ခံပွဲသဘောလုပ်ခြင်းပေ။

ဖွင့်ပွဲနေ့မတိုင်ခင်တည်းက ပွဲသို့လာရောက်နိုင်မည့် လုပ်ငန်းရှင်အသီးသီးတို့အားဖိတ်ကြားရန် ဈေးကွက်ဖြန့်ချိရေးဌာနကို တာဝန်ပေးအပ်ထားပြီးဖြစ်၏။ အချို့လုပ်ငန်းရှင်များမှာလည်း မြတ်ဘုန်းခန့်၏ဖခင်ဦးစည်သူနှင့် လုပ်ငန်းပါတနာများလည်းဖြစ်၍ ဦးစည်သူ၏ဖိတ်ကြားမှုကြောင့် လာရောက်ကြခြင်းများလည်းရှိပေသည်။

ပွဲသို့လာသည့်သူတိုင်းမှာလည်း ဂုဏ်ပြုပန်းစည်းများလက်ဆောင်ခြင်းများယူလာကြ၍ နမူနာအရောင်းပြခန်းနှင့် မြတ်ဘုန်းခန့်၏ရုံးခန်းထဲတွင် ထိုပစ္စည်းများဖြင့် နေရာမလပ်အပြည့်ဖြစ်နေတော့သည်။

I Want A Son-In-Law [Completed] Where stories live. Discover now