(၂၆)

19.7K 2.3K 182
                                    

Unicode

ခြံရှေ့ဆီမှဘဲလ်တီးသံကြောင့် အေးမိလည်း အိမ်အပေါက်ဝမှနေ၍လှမ်းကြည့်လိုက်ပြီး အိမ်အတွင်းသို့လှမ်းအော်လိုက်သည်။

“ ကြီးကြီးတင်ရေ ဆိုက်ကားရောက်နေပြီ ‘’

“ အေး အေး …ငါထွက်လာပြီ ၊ ကိုမျိုးနိုင် ကျုပ်အေးမိနဲ့ဈေးသွားလိုက်ဦးမယ်နော် ။ ရှင်တို့သားအဖအတွက် ပဲပြုတ်ထမင်း ကြော်ထားခဲ့တယ်  ‘’

ဒေါ်တင်မမမျိုးက ပိုက်ဆံအိတ်ကိုချိုင်းကြားညှပ်လိုက်ရင်း အေးမိကိုပြောလိုက်သလို တစ်ဆက်တည်းပင် ဧည့်ခန်းထဲတွင် ကိုယ်လက်လှုပ်ရှားအေရိုးဗစ်လေ့ကျင့်ခန်းကို တီဗွီမှကြည့်ကာလိုက်လုပ်နေသည့် ဦးမျိုးနိုင်အားလည်း အော်ပြောခဲ့သည်။

ဖိနပ်စင်မှ ဖိနပ်တစ်ရံကိုယူစီးပြီး ခြံရှေ့တွင်ရပ်ထားခဲ့သည့် ဆိုက်ကားပေါ်သို့တက်လိုက်သည်။ ရပ်ကွက်တစ်ပတ်ပတ်၍ အကြွေးတောင်းသည့်အခါ စီးနေကျဆိုက်ကားဖြစ်သည့်အတွက် သွားစရာကိစ္စရှိလျှင ဖုန်းကြိုဆက်၍ခေါ်နိုင်ပေ၏။

“ ကဲ ဆိုက်ကားဆရာ မြန်မြန်သာနင်းတော့ရှင် ၊ ခုနှစ်နာရီတောင်ထိုးနေပြီဆိုတော့ ဈေးမှာလူကျနေလောက်ပြီ ‘’

“ နင်းပါပြီ ကြီးတော်တင်ရေ ‘’

ဆိုက်ကားဆရာက အားစိုက်၍ အရှိန်သွက်အောင်နင်းလေတော့သည်။ ဒေါ်တင်မမမျိုးက ဆိုက်ကားနောက်ခုံတွင် ခြင်းတောင်းပိုက်၍ထိုင်နေသည့် အေးမိကိုလှည့်ပြောသည်။

“ အေးမိ... ငါ ညကပြောထားတာတွေ ဝယ်ဖို့သတိပေးဦး၊ အဲဒီစာရင်းစာရွက်ရောယူလာလား ။ အဓိကဝယ်ရမယ့် ဘုရားပန်းရယ် ဆန်က ပေါ်ဆန်းရှယ်တစ်အိတ်ရယ် အဲဒါကအရေးကြီးတယ် ပြီးတော့ .... ‘’

“ ဟုတ်ကဲ့ပါ ကြီးကြီးတင်… ခြင်းတောင်းထဲမှာ ထည့်ယူလာပါတယ် ‘’

“ အေး ပြီးရော ‘’

ဆိုက်ကားပေါ်တွင် ဒေါ်တင်မမမျိူးတစ်ယောက်မှာ အေးမိကိုတစ်လှည့် ဆိုက်ကားဆရာကိုတစ်လှည့် ရောက်တတ်ရာရာများ တတွတ်တွတ်နှင့်ပြောကာ ဈေးသို့လိုက်ပါလာတော့သည်။ ဈေးသို့ရောက်ကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၍ တစ်နာရီခန့်မျှကြာအောင် ဈေးဝယ်ခြမ်းခဲ့ကြသည်။

I Want A Son-In-Law [Completed] Where stories live. Discover now