(၆)

28.9K 3.5K 118
                                    

Unicode

“ သန္တာ သန္တာ… နင်မပြီးသေးဘူးလား မြန်မြန်လုပ် ၊ အချိန်ကကပ်နေပြီ ‘’

သူ(မ)အခန်းတံခါးရှေ့ဝတွင် ခါးထောက်ရပ်ကာ အော်ခေါ်နေရသည်။ အပြင်သွားချင်သူက သင်း။ လိုက်ပို့ပေးရမည့်သူက အကုန်အဆင်သင့်ဖြစ်နေပြီ။ သင်းက ပြင်လို့မပြီးနိုင်သေး။

“ ပြီးပြီ ကိုလတ်ရေ ခဏလေးစောင့် ၊ နှုတ်ခမ်းနီလေးဆိုးလိုက်ဦးမယ် ‘’

“ နောက်ကျမှာစိုးတာလည်းနင်ပဲ ၊ အကြာကြီးပြင်လာလည်းဒီပုံစံပဲ။ နင်တို့မိန်းမတွေ အလုပ်ကိုရှုပ်တယ် အပြင်လေးတစ်ခါလောက်သွားဖို့ကို ‘’

“ ကိုလတ်ကလေ ညီမလေးတစ်ယောက်တည်းရှိတာကို တစ်ခါမှအကောင်းမပြောဘူး။ မိန်းမတွေကို မကောင်းမြင်နေတည်းက ကိုလတ်ယောက်ျားရမှာ ကျိန်းသေတယ် ‘’

“ မိသန္တာ… “

“ ဟုတ်ကဲ့ဟုတ်ကဲ့ မပြောတော့ပါဘူးရှင် ၊ သွားမယ် ကိုလတ်ရေ ‘’

သည်ညနေတွင် ညီမဖြစ်သူက မြေနီကုန်းဘက်ရှိ သူ(မ)သူငယ်ချင်းတစ်ယောက်၏ မွေးနေ့ပွဲသို့သွားရမည်ဖြစ်သည်။ ဖေဖေကလည်း သူ့မိတ်ဆွေအချို့နှင့် ချိန်းထားသည်ဖြစ်၍ မနက်တည်းကထွက်သွားလေရာ သူ(မ)ကိုကားမောင်းပို့ပေးရမည့်တာဝန်က ဝေယံမျိုးနိုင်ဆီသာ ရောက်လာခြင်းပေ။ ညနေ စာသင်ချိန်မရှိ။ နားရက်နှင့်ကြုံနေ၍သာ တော်တော့သည် ။

မောင်နှမနှစ်ယောက်သား အချေအတင်ပြောဆိုရင်း ကားပေါ်တက်ကာ မောင်းထွက်လာကြသည်။ ကားမောင်းလာရင်း ရေဒီယိုကိုလည်း မတိုးမကျယ်ဖွင့်ထားလိုက်သည်။

‘’ မင်္ဂလာညနေခင်းလေးပါရှင့် နှင်းဆီရေဒီယိုအသံလွှင့်တင်ဆက်ခြင်းမှ ကြိုဆိုပါတယ်။ အခုဖွင့်ပြပေးဖို့အလှည့်ကျတာကတော့ Jai Waetfordသီဆိုထားတဲ့ Shyဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးမှာ ကိုယ်သဘောကျရတဲ့ သူနဲ့တွေ့ရင် ဘယ်လိုမျိုးရင်ခုန်ရတယ် ဘယ်လိုခံစားရတယ်ဆိုတာကို စကားလုံးလှလှလေးတွေနဲ့ ရေးဖွဲ့ထားပါတယ်။ စာသားလေးတွေကလည်း ချစ်ဖို့ကောင်းပြီး Jaiရဲ့အသံချိုချိုလေးနဲ့ သီချင်းလေးကလည်း လုံးဝလိုက်ဖက်လွန်းပါတယ်။ ခံစားချက်တွေနဲ့တိုက်ဆိုင်နေမလားဆိုတာ အားလုံးပဲ ပါဝင်ခံစားနားဆင်ပေးကြပါဦးရှင့်… ‘’

I Want A Son-In-Law [Completed] Where stories live. Discover now