🎉 Announcement For Book 🎉

6.5K 487 120
                                    

Unicode

Hello.... !
မတွေ့ရတာကြာပါပြီ ။

တစ်နှစ်ကျော်ကြာပြီးတဲ့နောက်.....
နောက်ဆုံးတော့ I Want a Son in Lawလေးကို စာအုပ်လေးအဖြစ် မြင်တွေ့ခွင့်ရတော့မှာပါ ။
မနှစ်က Decမှာ ထွက်မယ်လျာထားပြီးမှ အကြောင်းအမျိုးမျိုးကြောင့် နောက်ရွေ့ခဲ့ရတယ်ပေါ့ရှင် ။

ဇာတ်လမ်းလေးကို သဘောကျနှစ်သက်လို့ပဲဖြစ်ဖြစ် ၊ ဇာတ်ကောင်လေးတွေကို မြတ်နိုးလို့ပဲဖြစ်ဖြစ် ၊
စာရေးသူကို ချစ်လို့ပဲဖြစ်ဖြစ် (ဤကား စကားချပ်)...
စာအုပ်လေးကို အိမ်ခေါ်သိမ်းထားချင်တယ်ဆိုရင်တော့ ~~~

မနက်ဖြန် ညနေ ၅ နာရီ ၊ ရွှေလာဘ် Book Houseမှာ အော်ဒါအမှာကောက်ယူလက်ခံသွားမှာပဲ ဖြစ်ပါတယ်ရှင် ။

စာအုပ်က Soft Cover with Creamy Paperပါ ။ စာမျက်နှာ ၄၀၀ ကျော်ရှိပါတယ် ။

Orderတင်သူ ဦးဆုံး ၇၀၀ အတွက်
~ Author Sign , Box , 2 Bookmarks , 1 Postcard စီစဥ်ထားပါတယ် ။

Limited Gift သီးသန့်ထပ်မပါပါဘူး ။ ( ပေးရင်လည်း ဝယ်ယူသူအကုန်လုံးကို ပေးချင်တာမို့ မထည့်ဖို့ ဆုံးဖြတ်ထားတာပါ) 

၇၀၀ ကျော်သွားခဲ့ရင်ရော....?
စီစဥ်ထားတာလေးရှိသေးလို့ စာအုပ်တိုက်ဘက်က ကြေညာချက်လေးကို ထပ်စောင့်ကြည့်ပေးပါဦးနော် ။

Instockထားမှာလား.... ?
ထားမှာပါ ။

BM နဲ့ PC တွေကတော့ စာရေးသူဘက်ကပေးတာပါ ။ Boxကတော့ စာအုပ်တိုက်ဘက်က လက်ဆောင်ပါ ။

Box and Packing နဲ့ ပတ်သတ်ပြီးတော့ အဆင်ပြေပြေဖြစ်အောင် သေချာဆွေးနွေးပေးထားပါတယ်  ။

လက်ရှိစာရွက်စျေးအနေအထားနဲ့ စာမျက်နှာအရ အသင့်တော်ဆုံးစျေးအထိရအောင် ညှိထားပေးပါတယ် ။
သိချင်တာလေးတွေ အကြံပေးချင်တာတွေရှိသေးရင်လည်းပြောပေးခဲ့ပါနော် ။

ခက်ခဲနေတဲ့ကာလဖြစ်လို့ အေးအေးဆေးဆေးဝယ်ပါ ။ ပိုအရေးကြီးတာအတွက်သုံးပါ ။

ဒေါ်တင်မမတို့ မိသားစုလေးက အိမ်အလည်လာချင်နေပါပြီတဲ့... 😍

ကျေးဇူးတင်ပါတယ်ရှင့်...
ဟီရိုဆေး ။

➖➖➖➖➖➖➖➖➖➖➖➖➖

I Want A Son-In-Law [Completed] Where stories live. Discover now