(၁၉)

20.6K 2.4K 95
                                    

Unicode

ယခုဆို ဖေဖော်ဝါရီလထဲဝင်လို့ ဦးမျိုးနိုင်ပင်ပြန်ရောက်နေပြီဖြစ်ကာ အချိန်မှာလည်း လကုန်ရက်သို့ပင် တစ်စစစကူးပြောင်းလာခဲ့ပြီဖြစ်လေ၏။ မြတ်ဘုန်းခန့်လည်း ပြန်ရောက်စရက်ကပင် ခဏတဖြုတ်သွား၍ နှုတ်ဆက်ခဲ့လိုက်သေးသည်။

ထိုနောက်ပိုင်းတည်းက ထိုအိမ်လည်းမရောက်ဖြစ် ။ ချစ်ရသူနှင့်လည်း မတွေ့ရသည်မှာ တစ်လနီးပါးပင်ရှိနေရော့ချေပြီ။ နောက်လဆိုလျှင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပတော့မည်ဖြစ်၍ သူကလည်း အပြင်မထွက်ချင်ပြန်။ ကျောင်းသားများကိုအချိန်ပိုခေါ်ရ Revisionပြန်ရနှင့် သူ့ခမျာလည်းမအားပေ။

မြတ်ဘုန်းခန့်ကျပြန်တော့လည်း ကုမ္ပဏီအသစ်ဖွင့်ရန်ကိစ္စအတွက် ရှယ်ယာဝင်မည့်သူများနှင့် ပြေးတွေ့လိုက်၊ Overseaမှ ပစ္စည်းတင်သွင်းခွင့်ပါမစ်အတွက် အခွန်ရုံးပြေးရ ကုမ္ပဏီမှတ်ပုံတင်ရန်အတွက်လည်း ဖောင်တင်ကာစောင့်ယူရနှင့် တစ်နေ့တစ်နေ့မအားလပ်နိုင်။

ရုံးခန်းအတွက်နေရာရှာရ တွေ့ပြန်တော့လည်း ရုံးတွင်းရုံးပြင်ပိုင်းကိစ္စအတွက် Architectတွေခေါ် Interiorပိုင်းဆွေးနွေးရနှင့် ဇယ်ဆက်သလို အလုပ်များလှသည်။ သည်အတိုင်းဆို ခန့်မှန်းထားသည့်အတိုင်း မေလဆန်းလောက်တွင်တော့ ရုံးစဖွင့်နိုင်မည်ပေ။

ချစ်ရသူနှင့်ပင် ညဘက်လေးသာဖုန်းပြောနိုင်၏။ ဤသည်တောင် တစ်ရက်တလေများဆို ဖုန်းမဆက်မိရတာနှင့် ဖုန်းပြောရင်း အိပ်ပျော်သွားမိတာတွေနှင့် ပျက်ကွက်ခဲ့တာတွေ များလှပြီ။ သူလည်းနားလည်ပေးလောက်မှာပါလေဟု မျှော်လင့်ထားသည်။ တွေ့မှသာ သူ့ကို စိတ်ချမ်းသာအောင်ထားရမည် ၊ ဖြည့်ဆည်းပေးရမည်ဟု စိတ်ထဲတွေးထားသည်။

သည်ကနေ့လည်း လှိုင်သာယာဘက်သို့သွား၍ မြေနေရာလေ့လာခဲ့သည်။ ပစ္စည်းများရောက်သည့်အခါ stockလက်ဝယ်ထားဖို့ရန်အတွက် ဂိုဒေါင်နေရာရှာရခြင်းဖြစ်၏။ ဖေဖေ့ရုံးက လက်ထောက်တစ်ယောက်ကိုခေါ်ပြီး မနက်တည်းကသွားလိုက်သည်မှာ တစ်နေပင်ကုန်သည်။ ဖေဖေကလည်းကူညီပေးရှာပါသည်။

I Want A Son-In-Law [Completed] Where stories live. Discover now