Thanks Letter & Explanation

14.7K 1.7K 265
                                    

Unicode :

ပထမဦးဆုံးရေးဖြစ်ခဲ့တဲ့ BL ဝတ္ထုလေးတစ်ပုဒ် ပြီးသွားခဲ့ပြီပေါ့နော် ။ တကယ်တော့ စစရေးတုန်းက ၁၀ပိုင်းလောက်ပဲ ရေးမယ်ဆိုပြီး ရေးရင်းရေးရင်း လက်ကအရှိန်တက်သွားခဲ့တယ် ။

I Want A Son-In-Law ဆိုတဲ့ နာမည်လေးပေးဖြစ်ပုံကလည်း ရိုးရှင်းတယ် ။ BL ဝတ္ထုဆိုပေမယ့် Main Lead ယောက်ျားသားနှစ်ယောက်အပြင် အဓိက ဇာတ်ဆောင်ကို အပြိုင်ပွဲထုတ်ချင်တာ ။ သုံးပွင့်ဆိုင် Female Lead လည်းဖြစ်နေလို့မရပြန် ။

အစက သန္တာ့ကို Main အနေနဲ့ ထုတ်မယ် Fujoshi မလေးနေရာကပဲ ။ ဒါပေမယ့် ဒီထက်ပိုဆန်းသစ်နိုင်မလားဆိုပြီး ဒေါ်တင်မမကို ခေါင်းဆောင်တင်လိုက်တာမှာ တကယ်ကိုထင်မထားလောက်အောင် မြိုင်ဆိုင်သွားခဲ့တယ် ။

ဒေါ်တင်မမ နေရာကနေတွေးကြည့်တယ် ။ ဒီဇာတ်ကောင်က ဘာလိုချင်မှာလဲပေါ့ ။ သမီးမွေးထားတယ် ။ သမက်လိုချင်တယ် ။ အဲ့ဒီကနေမှ အလွဲလေးသာဖြစ်သွားခဲ့ရင် ဆိုရာကနေ ခရီးလေးတစ်ခုအဆုံးသတ်နိုင်ခဲ့တယ် ။

ဇာတ်လမ်းလေးက တကယ်ရိုးရိုးလေးပါ ။ Plot twist တွေသိပ်မပါဘူး ။ သမရိုးကျဆန်တယ် ။ ဒီလိုရိုးရှင်းတာထဲကမှ ဟာသလေးပါအောင် ခပ်မြူးမြူးလေးတွေးရပြန်တယ် ။ လက်တွေ့နဲ့အတိအကျကြီး မကိုက်ညီရင်တောင် အနီးစပ်ဆုံးဖန်တီးဖြစ်ခဲ့တယ် ။

Comedy-Romance ဖြစ်တာကြောင့် ပြုံးသင့်တဲ့နေရာပြုံး ၊ ရယ်သင့်တဲ့စကားတွေမှာရယ် ၊ ကြည်နူးသင့်တဲ့နေရာမှာကြည်နူးနိုင်အောင် ကြိုးစားရေးသားခဲ့ပါတယ် ။ ဇာတ်သိမ်းဟာလည်း ထိုနည်းလည်းကောင်းပါ ။ ဒေါသဖြစ်ပြီးကျန်ခဲ့တဲ့ ယောက္ခမ အဆင်ပြေတာနဲ့ လှစ်ခနဲအိမ်ပြန်ပြေးသွားကြတဲ့ စုံတွဲ ။ လောကနိယာမတွေလိုပါပဲ ။

ငွေတိုးချေးစား ၊ ကပ်စေးနည်း ၊ အပေါင်ဆိုင်ဖွင့် ၊ ဟောင်ဖွာဖွာလုပ် ၊ အဆစ်တောင်းတတ် ၊ စပ်စုအတင်းတုပ် စတဲ့ကာရိုက်တာသရုပ်ပြတွေအတွက် အဓိကလေ့လာပြီးရေးခဲ့တာတော့ အိမ်ကအမေ အဒေါ်တွေနဲ့အဘွားတွေ ၊ ပြီးတော့ ရပ်ကွက်ထဲက အိမ်နီးနားချင်း အဒေါ်ကြီးတွေပါပဲ ။ 😁

ဝေယံမျိုးနိုင်ဆိုတဲ့ ကောင်လေးနေရာအတွက် ဆယ်တန်းတုန်းက ဂိုက်ဆရာအစ်ကိုကြီးကို ပြေးမြင်ပြီး ရေးဖွဲ့ခဲ့တယ် ။ တော်တယ် ထက်တယ် ဥာဏ်ကောင်းတယ် ၊ တစ်ခါတစ်လေတော့ အူတူတူလေးဖြစ်မယ် ။ ဒေါသဖြစ်ချင်ဖြစ်မယ် ငိုစရာရှိငိုမယ် ။ ဝေယံလေးက အနေလည်းအေးတယ် ။ သူ့ဘာသူသာဆိုရင် မြတ်ဘုန်းခန့်နဲ့ တွဲဖြစ်ခဲ့ပါမလား ။

I Want A Son-In-Law [Completed] Where stories live. Discover now