(၈)

26.4K 3.2K 248
                                    

Unicode

ဒေါ်တင်မမမျိုးတစ်ယောက် အကြွေးတောင်းဖို့ထွက်လာခဲ့သည်။ အကြွေးရှင်ဘဝက မလွယ်ကူ။ အများထင်သလို အတိုးတွေနှင့်ထိုင်စား၊ ဖောဖောသီသီသုံးနေနိုင်ကာ သာယာအဆင်ပြေလှသည်ချည်းမဟုတ်။ အကြွေးယူချေးငှားကြသူတွေက ယူသည့်အချိန်သာ တပြုံးပြုံး ။ ပြန်ပေးရမည့်အချိန်များဆိုလျှင်တော့ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်တတ်ကြသည်က အများသားပင်။

အိမ်သို့ လာပေးကြဆပ်ကြသည်က ခပ်နည်းနည်း ။ အကြွေးရှင်က ကိုယ်တိုင်ကိုယ်ကျ လိုက်လံတောင်းရသည်သာများသည် ။ သည့်အပြင်တောင် အပြောအဆိုလေးများငြူစူမိလျှင် ကွယ်ရာတွင်အတင်းတုပ်ခံရသေး။ ကိုယ့်ငွေနှင့်ကိုယ် အမုန်းခံကြရသည်ဟုသာ ဒေါ်တင်မမမျိုးထင်မြင်မိသည်။

ယခုလည်း ဒေါ်တင်မမမျိုးကိုင်သော စုမဲစုသည့်အဖွဲ့ထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည့် မလှမြင့်၏အိမ်သို့ ရောက်လာလေသည်။

“ မလှမြင့် မလှမြင့်ရေ… ‘’

အိမ်ရှေ့ခြံစည်းရိုးနားမှနေ၍ အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်လေမှ ယောက်ချိုဇွန်းကိုင်၍ မလှမြင့်ဆိုသူက ထွက်လာလေသည်။

“ ဪ မမတင်ပဲ လာ လာ… ထိုင်ပါဦး ‘’

“ မထိုင်တော့ပါဘူးအေ ကျုပ်ကို မဲဖိုးပဲပေးစမ်းပါဟယ်။ အရင် နှစ်လစာရော ဒီလအတွက်ရော၊ ကျုပ်မှာ တခြားသူတွေအတွက်ပါ စိုက်ပေးထားရတာ။ ကျန်တဲ့မိန်းမတွေကလည်း ခုထိကိုလာမပေးသေးဘူး။ နံပါတ်ကျ ရှေ့ဆုံးကလိုချင်တယ် ၊ ငွေပေးရမယ်ဆို စူဠလိပ်ကို ရေထဲလွှတ်လိုက်သလိုပဲ ‘’

“ ဟုတ်ကဲ့ပါ မမတင်ရဲ့ သုံးလစာ တစ်ခါတည်းပေးလိုက်ပါမယ် ၊ ခဏလေးစောင့်ပေးနော်  ‘’

“ အေး အေး… ‘’

မလှမြင့်က အိမ်အတွင်းဘက်သို့ဝင်သွားပြီး မိနစ်ပိုင်းအကြာပြန်ထွက်လာကာ ဒေါ်တင်မမမျိုးအား ငွေစက္ကူအချို့ ကမ်းပေး၏။

“ ရော့... မမတင် ရေကြည့်လိုက်ပါဦး ‘’

“ အေး… ငါးထောင်တစ်သောင်း….. သုံးသိန်း ၊ ပြည့်တယ်ပြည့်တယ်။ ဒါဆို ကျုပ်သွားဦးမယ် ၊ ထပ်သွားစရာတွေရှိသေးလို့အေ ‘’

I Want A Son-In-Law [Completed] Where stories live. Discover now