2️⃣📕 Book Order 2️⃣📕

2.3K 103 0
                                    

Unicode ( ယူနီကုဒ် ) (ပုံများ အောက်သို့ ဆွဲကြည့်ရန်)

I Want a Son in Law (ဒုတိယအကြိမ်)ထုတ်ဝေခြင်း
စာအုပ်ကိစ္စလေးနဲ့အတူ ပြန်လာခဲ့ပါတယ်...
အချိန်အတော်ကြာ စီစဥ်ခဲ့ရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုမှ ထုတ်ဖြစ်သွားရခြင်းပါပဲ

စာအုပ်တိုက်ဘက်က ကြေညာလိုက်ပြီဆိုတော့....
စာရေးသူလည်းတင်ပါပြီ 💛

စာအုပ်လေးကို မနက်ဖြန် (၂၅.၃.၂၀၂၃) ည ၇ နာရီမှစတင်၍ ပစ္စုပ္ပန်စာပေ  Ukiyo BookHouse ကနေ ကြိုတင်အမှာစာအော်ဒါကောက်သွားပါ့မယ်ရှင့် ။
https://www.facebook.com/profile.php?id=100076017550765&mibextid=ZbWKwL

စာမျက်နှာ - ၄၄၂ မျက်နှာ
စျေးနှုန်းလေးက ၉၄၀၀ကျပ်ပါ
Creamy Paper / Fold Cover နဲ့ ပုံနှိပ်ပါမယ်။
(ခုကာလထဲမယ် စာအုပ်မှာပါဝင်တဲ့ စာမျက်နှာအရ သင့်တင့်မျှတတဲ့ နှုန်းထားလေးဖြစ်အောင် ညှိနှိုင်းပေးထားခဲ့တာမို့ စာဖတ်သူတို့ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်)

စာရေးသူပေးတဲ့ လက်ဆောင်အနေနဲ့ ပထမဦးဆုံးဝယ်ယူသူ ၃၀၀စာကို ပုံမှာပြထားတဲ့အတိုင်း Note Bookလှလှလေးတစ်အုပ်စီ ပေးသွားမှာဖြစ်ပါတယ်။
(***လက်ဆောင်အား စာအုပ်စျေးနှုန်းထဲတွင် ပေါင်းသွင်းထားခြင်းမရှိပါ***)

Book Cover + Postcard + Book Mark + Inner Art လှလှလေးတို့ကို စိတ်ရှည်လက်ရှည်ဖန်တီးပေးသူက Artist - Marna ပါ ။
''Book Cover Concept from Artist'' မျက်နှာဖုံးမှာပါဝင်ထားတဲ့ ကောင်လေးနှစ်ယောက်က ဝတ္ထုထဲက ဝေယံနဲ့မြတ်ဘုန်းတို့ရဲ့ အမှတ်တရလေးဖြစ်တဲ့ ဝက်ဝံရုပ်လေး နှစ်ရုပ်ကို ကိုယ်စားပြုပြီး ပုံသွင်ယူထားတာပဲ ဖြစ်ပါတယ်။ တစောင်းလေး ဖြစ်နေရတာကတော့ ပုံလေးဆန်းသွားအောင်ရယ် ၊ စာအုပ်စင်မှာ တင်ထားတဲ့အခါ ဖတ်ဖို့ ဆွဲဆောင်မှုရှိနေဖို့ရယ်အတွက်ပါ ။ ကာလာလေးကတော့ 2023 colourလေးကိုပဲ သုံးထားတာဖြစ်ပြီး ၊ ရိုးရှင်းပြီး တစ်မျိုးဆန်းသစ်ဖို့ Fold Coverမှာလည်း ဝတ္ထုထဲက စာသားလေးအချို့သာ ပြန်ကောက်နှုတ်ပေးထားတာပါလို့ Artist က ပြောခဲ့ပါတယ်။

Inner Artကို စာရွက်sizeအပြည့်မပါဝင်ဘဲ ဝတ္ထုထဲက Sceneအချို့ကို ပြန်မှတ်မိစေလောက်ဖို့ တစ်စိတ်တစ်ပိုင်းမျှသာဆိုတဲ့အနေနဲ့ ရည်ရွယ်ပြီး အဆိုပါ အခန်းလေးတွေရဲ့ အကူးအပြောင်းတစ်ရွက်မှာ အလယ်က ထည့်ပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒါကတော့ စာရေးသူစိတ်ကူးပါ...

I Want A Son-In-Law [Completed] Where stories live. Discover now