အလွမ်းပြေ/အလွမ်းပြေ Extra (1)

15K 1.4K 111
                                    

Unicode
( Covidကာလ ဖြတ်သန်းခြင်း ပုံရိပ်အချို့ )

အချိန်ဟူသည့် ကာလယန္တရားစက်ကြီးက မည်သူတစ်ဦးတစ်ယောက်၏အကူအညီမှမပါဘဲ တစ်စစနှင့်လည်ပတ်ပြီး လတွေနှစ်တွေဖြတ်သန်းကူးပြောင်းခဲ့သည်မှာ ယခုဆိုလျှင် ခရစ်နှစ် ၂၀၂၀ ခုနှစ်သို့ပင် ရောက်လာခဲ့ပြီ ။

ဝေယံတို့ အိမ်ထောင်သက်လည်း ယခုနှစ်ဧပရယ်လဆိုလျှင်ပဲ ၃နှစ် တင်းတင်း ပြည့်တော့မည်ပေ ။ လွန်ခဲ့သည့်တစ်နှစ်ပြည့်မှာတော့ Hotel Stay Cation လုပ်ကာ နှစ်ပတ်လည်ကို နှစ်ယောက်အတူ ကုန်ဆုံးခဲ့ကြသည် ။ ဒုတိယမြောက်နှစ်ပတ်လည်ကိုတော့ မိသားစုခရီးအဖြစ် ပုဂံသို့ အလည်အပတ်သွား၍ ဖြတ်သန်းခဲ့ကြသေးသည် ။

သည်နှစ် ၃နှစ်ပြည့် နှစ်ပတ်လည်နေ့ကိုလည်း အမှတ်တရဖြစ်အောင် နိုင်ငံခြားခရီးစဥ်တစ်ခုလောက် သွားကြမည်ဟု ကနဦးက တိုင်ပင်ထားခဲ့ကြသည် ။

သို့သော် အကြံအစည်က အထမမြောက်လိုက် ။ တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ပေါ်ပေါက်ဖြစ်ပွားခဲ့သော Corona Virus က တဖြည်းဖြည်းနှင့် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ကူးစက်လာနေသည်ဟူသော သတင်းထွက်လာစဥ်တည်းက ခရီးသွားလုပ်ငန်းအတော်များများရပ်ဆိုင်းကာ လေကြောင်းခရီးစဥ်များကိုလည်း ဆိုင်းငံ့ကုန်ကြသည် ။

နိုင်ငံအသီးသီးတွင်ရောက်ရှိနေကြသော နိုင်ငံသားပြည်သူအများစုကလည်း ဤသို့သော ကပ်ဘေးဆိုက်ကာလတွင် မိမိ၏မိသားစုချစ်သူခင်သူများ၏အနားတွင်သာ နေချင်ကြသည်ကြောင့်ဖြစ်မည် ။ မြန်မာပြည်သို့ တဖွဲဖွဲ ပြန်လာကုန်ကြတော့သည် ။ ပြည်တော်ပြန်ခရီးစဥ်များမှလွဲ၍ ကျန်သည့်ခရီးစဥ်လမ်းကြောင်းများ ရပ်နားကုန်ကြသည် ။

ဟိုမှသည်မှ ကူးစက်သူများတွေ့သည် ၊ လူနာတင်ကားများဖြင့် လာခေါ်သွားသည် ၊ ရောဂါပိုးရှိနေသည်ဟု သံသယဖြစ်ဖွယ်ရှိသော လူများအားလည်း စောင့်ကြည့်စစ်ဆေးရန် Quarantine Center များတွင် ထားရှိကြသည်ဟူသော သတင်းများကလည်း မမြင်ချင်မှအဆုံး ။

လူမှုကွန်ရက်ဖွင့်လိုက်သည်နှင့်ကို တွေ့နေရသည် ။ အနီးအနားပတ်ဝန်းကျင်တွင်လည်း မြင်တွေ့ရသည် ။ ကြားနေရသည် ။ ရေဒီယို ရုပ်မြင်သံကြားအစီအစဥ်များမှလည်း ထိုကပ်ရောဂါကြီး မကူးစက်မဖြစ်ပွားလေရအောင် ဆောင်ရန်ရှောင်ရန်များကို အစဥ်မပြတ် သတင်းလွှင့်ကာ သတိပေးနေလေသည် ။

I Want A Son-In-Law [Completed] Where stories live. Discover now