(၂၃)

24.5K 2.4K 351
                                    

Unicode

ညစာစားပြီးနောက် ဘန်ဂလိုရှိရာသို့ ပြန်လာခဲ့ကြ၏။ Dinning Hallရှိရာ အဆောင်နှင့်ဘန်ဂလိုမှာ သိပ်မဝေးလှ။ လူနှစ်ကိုယ်စာယှဉ်တွဲသွားလို့ရသည့် အကျယ်အဝန်းရှိသော ကျောက်ပြားစီလမ်းလေးဖြင့် သွယ်ဆက်ထားသည်။

ညဘက်ပေမို့ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် မီးအိမ်တိုင်ငယ်လေးများ ထွန်းထားလေသည်။ ဘန်ဂလို၏ အနောက်ဘက်တွင်လည်း အသည်းပုံသဏ္ဍာန်ကဲ့သို့သော ရေကူးကန်လည်းရှိသည်။

ပင်လယ်လေနု အေးအေးလေးကလည်း တသွေးသွေးဖြင့် တိုက်ခတ်လျက်ရှိသည်။ တည်းခိုမည့်ဘန်ဂလိုသို့ပြန်အရောက်တွင် ဝေယံမျိုးနိုင်က အထဲသို့မဝင်ချင်သေးဟုဆိုလာ၍ အဆောင်ရှေ့ရှိ ကျောက်ပြားထိုင်ခုံလေးတွင် ဝင်ထိုင်ဖြစ်ကြ၏။

နှစ်ဦးသား ဘေးချင်းကပ်ထိုင်နေကြသော်လည်း စကားမဆိုဖြစ်ကြ။ သဲသောင်ပြင်ပေါ်တွင် ဂီတာလေးကိုတီး၍ မီးပုံထွန်းကာဝိုင်းဖွဲ့နေကြသော လူအစုစုကိုလည်း လှမ်းမြင်နေလေရာ နှစ်ယောက်သားမှာ ထိုဆီသို့ငေးမောကာ သီချင်းသံနှင့်အတူ ပင်လယ်၏တေးသွားကို သာယာနာပျော်ဖွယ်ရာ ခံစားနားဆင်နေလျက်။

ဒီရေအတက်အကျရှိ၍လား မဆိုတတ်။ ပင်လယ်ရေလှိုင်းလုံးများမှာ ကမ်းစပ်သို့တဝုန်းဝုန်းပြေးကာ ရိုက်ခတ်စီးဆင်းလျက်ရှိနေသည်။ မိနစ်အနည်းငယ်မျှကြာသော် ချမ်းစိမ်းစိမ့်ဖြစ်လာကြပြီပေ။ ထို့ကြောင့် မြတ်ဘုန်းခန့်ကသာ စကားစလိုက်ရ၏။

“ ဝေယံ... အထဲဝင်ရအောင်လေ။ လေတွေ ဒီလောက်တိုက်နေတာ တော်ကြာ အအေးပတ်ပြီးဖျားနေဦးမယ် ‘’

“ အင်း...လေလေးတဖြူးဖြူးနဲ့ နေလို့ကောင်းလို့ထိုင်မိနေတာ ၊ ကဲပါဝင်ကြရအောင် ‘’

ဘန်ဂလိုထဲသို့ဝင်ပြီးသည်နှင့် မြတ်ဘုန်းခန့်လည်း တံခါးပိတ်ကာ အခန်းမီးကို မှိန်ပျပျသာဖွင့်ထားလိုက်သည်။ ဝေယံမျိုးနိုင်က ကုတင်နှစ်လုံးကို ခါးထောက်ရပ်ကြည့်နေရင်းမှ မေးလာသည်။

“ ခင်ဗျား ဘယ်ဘက်ကုတင်မှာအိပ်မှာလဲ ‘’

ဝေယံမျိုးနိုင်အမေးကြောင့် မြတ်ဘုန်းခန့်၏မျက်ခုံးတို့မှာ အပေါ်သို့ပင့်တက်သွားရသည်။ အခန်းအပူချိန်ညှိပြီး Air-Con Remoteကိုစားပွဲပေါ်တင်ကာ သူ့အနားသို့သွားလိုက်သည်။

I Want A Son-In-Law [Completed] Where stories live. Discover now