(၃၁)

17.4K 2.1K 147
                                    

Unicode

“ ဆရာ…သမီးတို့ကိုပြန်ခွင့်ပြုပါဦး ‘’

“ သွားလိုက်ပါဦးမယ်နော်ဆရာ ‘’

ကျူရှင်လွှတ်ချိန်ရောက်ပြီဖြစ်၍ အတန်းဆင်းပြီးနောက် ဖိုင်အိတ်လေးထဲသို့ စာအုပ်များထည့်နေစဉ် ကျောင်းသားကျောင်းသူများ တစ်ယောက်ချင်းလာရောက်နှုတ်ဆက်ကာပြန်ကုန်ကြသည်။ ဝေယံမျိုးနိုင်လည်း ဖိုင်အိတ်လေးကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်ကာကိုင်လာ၍ ကျူရှင်မှစာရေးတချို့နှင့်ဆရာများကိုနှုတ်ဆက်ပြီး တိုက်အောက်သို့ဆင်းလာလိုက်တော့သည် ။

မြတ်ဘုန်းခန့်က အလုပ်မအား၍ လာမကြိုနိုင်သောကြောင့် ညနေဘက်လည်း အတူမပြန်နိုင်တာကြာပြီဖြစ်ရာ သည်နေ့လည်းကားငှားပြန်ရဦးမည်ထင် ။ အိမ်သို့မပြန်ခင် ဈေးလေးဘာလေးဝယ်ဦးမည်ဟုတွေးကာ လှည်းတန်းဈေးဘက်သို့ဆက်လျှောက်လာလိုက်သည်။ လျှောက်ရင်းနှင့်မှလည်း အိမ်အတွက် လိုအပ်မည့်အရာများကိုစဉ်းစားနေမိသည်။

ဟင်းသီးဟင်းရွက်စုံရောင်းသည့်ဆိုင်သို့ရောက်တော့ စားချင်သည်တို့ကိုရွေးဝယ်ပြီး ပိုက်ဆံရှင်းကာ ကားခပေးရမည့်ပမာဏကိုသာချန်ထား၍ ကျန်ငွေတို့ကို အိတ်ထဲသို့ပြန်ထည့်ကာ လျှောက်လာစဉ် လူတစ်ယောက်အား ဝင်တိုက်မိတော့လေ၏။

“ ဆောရီးပါဗျ ဟင်… “

တောင်းပန်စကားဆိုလိုက်ရင်းမှ အားနာစွာနှင့်မော့ကြည့်မိတော့ သူ့အားခပ်ပြုံးပြုံးနှင့်ကြည့်နေသော လူတစ်ယောက်အားတွေ့လိုက်ရသည်။

“ ကိုယ့်နှလုံးသားလေး ခလုတ်တိုက်သွားပြီ “

သူ ့နဖူးကိုလက်ညှိုးလေးနှင့်တောက်ကာ ရယ်ကျဲကျဲနှင့်ပြောလာသည်။ ဝေယံမျိုးနိုင်လည်း အပျော်လုံးဆို့ကာ ခပ်တိုးတိုးရေရွတ်မိလိုက်သည်။

“ ကိုမြတ်ဘုန်း …”

“ ခုနေ မချီပြီးပြေးသွားရင်တောင် အလိုက်သင့်လေးပါသွားတော့မှာပဲ ‘’

မြတ်ဘုန်းခန့်က မနက်ကကုမ္ပဏီသို့သွားသည့် အဝတ်အစားများနှင့်သာ။ အပေါ်ဝတ်ကုတ်မပါ ရှပ်လက်ရှည်နှင့်စတိုင်ပန်ကိုသာ ဝတ်ထားပုံထောက်လျှင်တော့ ကုမ္ပဏီမှ တန်းလာသည်လားမပြောတတ်ပေ။ လက်ထဲတွင်လည်း ပိုက်ဆံအိတ်နှင့်ဖုန်းကိုသာ ကိုင်ထားသည်။

I Want A Son-In-Law [Completed] Where stories live. Discover now