(၁၈)

21.3K 2.4K 121
                                    

Unicode

ခြံဝင်းတစ်ခုအတွင်းတွင် လူအများအဝင်အထွက်ပြုကာ စည်ကားလျက်ရှိသည်။ ထိုသူများအားလုံးမှာလည်း အတော်အတန် သစ်လွင်လှပသော အဝတ်အစားတို့ဖြင့် တောက်ပကာနေတော့သည်။

ပိုးစနီညိုရောင်ခပ်တောက်တောက် ရင်ဖုံးအင်္ကျီလက်ရှည်နှင့် နီညိုရောင်ချိတ်ထမီ အဆင်ခပ်ကြီးကြီးတို့ကို ဝတ်ဆင်ထားသော အမျိုးသမီးကြီးတစ်ဦးသည် ခြံဝနှင့်အိမ်အတွင်းသို့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ လာရောက်ကြသောလူများအား အပြုံးချိုချိုဖြင့် ဧည့်ခံလျက်ရှိနေသည်။

သည်နေ့က ထိုခြံ၏ပိုင်ရှင်အိမ်၏ သခင်ဖြစ်သော ဒေါ်တင်မမမျိုး၏ ငါးဆယ့်ငါးနှစ်မြောက် မွေးနေ့အခါသမယပင်ဖြစ်ချေသည်။

" အစ်မ ထည့်စားနော် အားမနာနဲ့ ၊ လိုရင် နောက်တစ်ပွဲထပ်ယူနော် ။ ကိုလှမြိုင် စားရတာအဆင်ပြေရဲ့လားရှင့် ၊ အမျိုးသမီးရော မပါဘူးလား ''

" အဆင်ပြေပါတယ် ဒေါ်တင်မမရေ၊ ကျွန်တော့်အမျိုးသမီးက သူ့အဖေနေမကောင်းလို့ နယ်ကို ခဏပြန်သွားတယ်ဗျ ''

" ဪ...ဟုတ်လား သတင်းမေးတယ်လို့ ပြောလိုက်ပါဦးရှင်၊ စားနော် ကျွန်မ ဟိုဘက်ဝိုင်းသွားလိုက်ဦးမယ် ''

ဒေါ်တင်မမမျိုးက ကိုလှမြိုင်ဆိုသည့်လူကို နှုတ်ဆက်ပြီး နောက်စားပွဲဝိုင်းတစ်ခုသို့ ကူးသွားလေသည်။ ထိုဝိုင်းတွင် စကားလက်ဆုံကြနေရာမှ အိမ်အဝင်ဝသို့ လှမ်းကြည့်မိသွားသည်။

" ဟယ်...အုပ်ကြီးတို့ လာ လာ... ကြွပါ ၊ သားရေ ဒီမှာ ရပ်ကွက်ရုံးကဥက္ကဠတို့လာတယ်ကွယ် ။ ဟင်းပွဲလေးတွေ ယူလာခဲ့ပါဦး၊ အုပ်ကြီးတို့ ကြွပါရှင်... ''

ရပ်ကွက်ဥက္ကဠတို့အား အိမ်ခေါင်းရင်းဘက်တွင်နေရာချပေးရင်း ဒေါ်တင်မမမျိုးလည်း လာသမျှဧည့်သည်တိုင်းကို ခရီးဦးကြိုပြုလိုက် နေရာချရန် လော်ဆော်လိုက်ဖြင့် ဗျာများလျက်ပင်။ ဝေယံမျိုးနိုင်က ဗန်းတစ်ချပ်သယ်လာကာ ဥက္ကဋ္ဌတို့ဝိုင်းတွင် ကြက်ဆီထမင်းပန်းကန်များချပေးလေသည်။

" စားနော် အုပ်ကြီးတို့ ၊ အပြန်ကျ အိမ်အတွက်လည်း ထည့်ပေးလိုက်ဦးမယ် ''

I Want A Son-In-Law [Completed] Where stories live. Discover now