(၁)

104K 5.4K 228
                                    

Unicode


ရပ်ကွက်ဈေးတစ်ခုတွင်ဖြစ်သည် ။ ဈေးဝယ်သူများ ၊ ကုန်ထမ်းသမားများ ၊ လက်တွန်းလှည်းများ ၊ ခေါင်းရွက်ဗျတ်ထိုးရောင်းနေသူများ ၊ ကုန်စည်ဆိုင်ခန်းများဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိနေသည် ။

‘’ အစ်မရေ လာလေ ပုဇွန်တွေလတ်တယ် ‘’

“ မကြီးရေ ဗမာကြက်တွေတန်တယ်လေ ‘’

“ ကဲ ဘာစားမလဲဘာချက်မလဲ ဆိတ်ခေါင်းသားလေးဝယ်သွားပါဦး ‘’

“ ကန်စွန်းရွက်ပွပွကြီးတွေ တစ်စည်းမှနှစ်ရာ့ငါးဆယ် ၊ ထိုင်ဝမ်ကန်စွန်းတွေနော် ‘’

“ မမရေ ဒီမှာ ငါးမြစ်ချင်းတွေအကောင်ကြီးတယ်လေ ၊ လာပါ အားပေးသွားပါဦး ‘’ ဟူသော ဈေးသည်တို့၏ တစာစာဈေးခေါ်သံများနှင့်လည်း ဆူညံကာနေလေသည် ။

ဤသို့ဈေးဝယ်သူရောင်းသူများနှင့် တိုးတိုးကြိတ်ကြိတ်ရှိနေစဉ် ဆံပင်ကိုနောက်တွဲတစ်ပတ်ခွေထုံးထားကာ အပေါ်တွင်ရင်ဖုံးအင်္ကျီအနီရောင်ပြောင်နှင့် အပွင့်ခပ်ကြီးကြီးရိုက် ပါတိတ်လုံချည်အနီရောင်ကိုဝတ် ၊ ပိုက်ဆံအိတ်အနက်ရောင်အား ချိုင်းကြားညှပ်၍ကိုင်ထားသော အရပ်ခပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်း ကိုယ်လုံးခပ်ပြည့်ပြည့် အသက်ငါးဆယ်ကျော်အရွယ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးသည် ဈေးအတွင်းသို့လျှောက်လာရင်းမှ ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်လိုက်သည်။

“ ဟော...အန်တီတင် ၊ ပြော ဘာယူမလဲ ဘာတွေထည့်ပေးရမလဲ ‘’

ဆိုင်ရှင်က ထိုအမျိုးသမီးကြီးကိုမြင်သည်နှင့် နှုတ်ဆက်ကာ မေးလိုက်လေသည် ။ ထိုအမျိုးသမီးကြီးသည်လည်း ဆိုင်ပေါ်တွင်ခင်းကျင်းထားသော ဈေးဗန်းများကိုကြည့်ကာ ဆိုလိုက်သည် ။

“ ကိုတရုတ် ဝက်သားငါးဆယ်သားလောက်ထည့်ပေး ။ အလေးပြည့်ပြည့်ချိန်နော် အဆီတုံးတွေမထည့်နဲ့ ၊ ဆီပြန်ချက်စားမှာမလို့ ‘’ 

ဝက်သားသည်ကလည်း ထိုအမျိုးသမီးကြီးပြောသည်ကိုနားထောင်ပြီး ကွမ်းချိုးများကပ်နေသော သွားများပေါ်အောင် ရယ်ပြရင်း ပြန်မေးလိုက်၏ ။

I Want A Son-In-Law [Completed] Where stories live. Discover now