(၁၄)

23.2K 2.7K 96
                                    

Unicode

ခရစ်စမတ်နေ့ပြီး နောက်တစ်ရက်။

မြတ်ဘုန်းခန့်က လက်ဆောင်ပစ္စည်းပါဆယ်ထုပ်များကိုယူကာ ဝေယံမျိုးနိုင်တို့အိမ်သို့ ထွက်လာခဲ့လိုက်သည်။ ထိုသို့ရောက်တော့ ခြံတံခါးလည်းဖွင့်ထားသည်ကြောင့် မောင်းဝင်လာလိုက်တော့သည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းတွေ့ရသူမှာ ဒေါ်တင်မမမျိုးပင်။ မြတ်ဘုန်းခန့်ကိုမြင်တော့ ဝမ်းသာအယ်လဲနှင့်နှုတ်ဆက်ကာ ခရီးဦးကြိုပြုသည်။

“ ဟော… မောင်မြတ်ဘုန်းလာကွယ် မနေ့ကပဲ ပြန်ရောက်တယ်ဆို ‘’

“ ဟုတ်ကဲ့ အန်တီ ‘’

“ ဘာသောက်မလဲသား … အေးမိကို တစ်ခုခုဖျော်ခိုင်းလိုက်မယ် ‘’

“ ရတယ်ရတယ်အန်တီ… မသောက်တော့ပါဘူး ‘’

“ အေးကွယ် ဒါဆိုဒီတစ်ခေါက်ရော ဘယ်တော့ပြန်သွားရဦးမှာလဲ’’

ဒေါ်တင်မမမျိုးထိုသို့မေးသည်မှာ အခြားကြောင့်တော့မဟုတ်။ ဦးမျိုးနိုင်ပြန်လာပါက သမီးဖြစ်သူနှင့်မြတ်ဘုန်းခန့်ကိစ္စအား အတိအလင်း စေ့စပ်ကြောင်းလမ်းထားချင်သောကြောင့်ဖြစ်သည်။

“ မပြန်ရတော့ဘူးအန်တီ ၊ ကျွန်တော် ဒီမှာပဲ ကိုယ်ပိုင်စီးပွားရေးလုပ်တော့မှာ ‘’

“ ဟယ်... ကောင်းတာပေါ့ကွယ် ကောင်းတာပေါ့ ၊ ကိုယ့်မြေကိုယ့်ရေမှာ မိသားစုနဲ့အနီးကပ်နေပြီး အလုပ်လုပ်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ ။ ကိုမျိုးနိုင်ကြီးကိုလည်း ဒီတစ်ခါပြန်လာရင် နားဖို့ပြောရဦးမယ်၊ သူလည်း အသက်ရလာပြီမလား ‘’

“ ဟုတ်တာပေါ့အန်တီရယ် အမှန်ပါပဲ ၊ ဒါနဲ့ ဒါလေးတွေ… ‘’

မြတ်ဘုန်းခန့်က လက်ဆောင်ထုပ်များကို ဒေါ်တင်မမမျိူးရှေ့သို့ ချပေးလိုက်တော့ ...

“ အို...သားရယ် တကူးတကနဲ့ သက်သက်အကုန်ခံလို့ကွယ် ၊ အားနာစရာ ဘာတွေများလဲ… ‘’ ဟု မျက်မှန်ကိုပင့်ကာမေးလာသည်။ လက်ကလည်း အထုပ်များကို လှမ်းနေပြီဖြစ်သည်။

“ ဘာရယ်မဟုတ်ပါဘူး အန်တီ့အတွက် Cosmeticတစ်ဆက်ရယ် ၊ Coachက စလင်းဘတ်အိတ်တစ်လုံးရယ် မစန္ဒီနဲ့သန္တာတို့အတွက်လည်း လက်ပွေ့ပိုက်ဆံအိတ်တစ်လုံးစီပါ ‘’

I Want A Son-In-Law [Completed] Where stories live. Discover now