(၇)

28.7K 3.4K 164
                                    

Unicode

ကန်တော်ကြီးမျှော်စင်ကျွန်းဝင်ပေါက်မှနေ၍ ကားလေးတစ်စီး မောင်းဝင်လာခဲ့ပြီး ကရဝိတ်ဥယျာဉ်နန်းတော်နားတွင်ရပ်လိုက်လေ၏။ ဝေယံမျိုးနိုင်လည်း ကားပြတင်းမှန်မှနေ၍ အပြင်သို့ငေးကြည့်မိနေသည်။

သစ်ပင်ကြီးများအောက်၌ စားပွဲဝိုင်းလေးများ ချခင်းကာဖွင့်ထားသည့် ဆိုင်လေးများတွင် ဖုန်းဖြင့်ဓာတ်ပုံရိုက်လိုက် မုန့်စားလိုက်ဖြင့် ဆူညံပျော်ရွှင်နေကြသော လူငယ်လေးများရှိကြသလို ၊ Coffee ဆိုင်ငယ်လေးများတွင်လည်း ချစ်သူစုံတွဲလေးများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကြည်နူးနေကြသည်ကိုလည်း တွေ့မြင်နေရသည်။

အချိန်လေးနောက်ပြန်ဆုတ်ကာ ငယ်မူပြန်ချင်မိသွားသည်။ လူငယ်ဖြစ်ရတာလောက် ကောင်းတာမရှိ။ ပေါ့ပါးလွတ်လပ်လှသည်။ ယခုခေတ်လို နည်းပညာများ ပိုမိုတိုးတက်ဖွံဖြိုးသည့်အချိန်မျိုးဆို ပိုလို့ပင်ကောင်းပေဦးမည်။

ကန်တော်ကြီးသို့ တက္ကသိုလ်တက်စဉ်အခါက သူငယ်ချင်းများနှင့် နှစ်ခေါက်လောက်သာရောက်ခဲ့ဖူးသည်။ ကျောင်းပြီးတည်းက တသီးတသန့် မရောက်ဖြစ်တော့သလို ဘော်ဒါများနှင့် မတွေ့မဆုံဖြစ်တာလည်း ကြာပြီမဟုတ်လား။ သွားရင်းလာရင်း လမ်းမှာဆုံကြလျှင်လည်း အချိန်မပေးနိုင်ကြသည်နှင့် ကော်ဖီဆိုင်လေးခဏထိုင် စကားလေးဘာလေး နည်းနည်းပါးပါးပြောနှုတ်ဆက်ပြီး ကိုယ်စီကိုယ်စီပြန်ကြလေသည်ပဲမို့ အနည်းငယ်တော့ လွမ်းသလိုဆွေးသလိုလေးဖြစ်မိသည်။

တစ်ကိုယ်တည်းရှေးဟောင်းနှောင်းဖြစ်များ စီကာတွေးရင်းငေးရင်း ပစ္စုပ္ပန်ကိုပင် မေ့လုမေ့ခင်။ ဘာကြောင့် ကန်တော်ကြီးရောက်လာရသည်လည်းဟု အစပြန်ဖော်တွေးရတော့သည်။

“ ဝေယံ ဝေယံ… ‘’ ပုခုံးကိုလှုပ်ကာကိုင်ရင်း ခေါ်လာလေတော့မှ အသိပြန်ကပ်သည်။

“ ဗျာ… ဘာ ဘာလဲ… ‘’

“ ဘာတွေတွေးပြီး ငေးနေတာလဲ။ ကန်တော်ကြီးရောက်တော့ ကျောင်းတုန်းက အရင်ရည်းစားကိုများ ပြန်သတိရသွားလို့လား ‘’

I Want A Son-In-Law [Completed] Where stories live. Discover now