(၂၀)

20.7K 2.4K 243
                                    

Unicode

ဝုန်းခနဲမြည်အောင် တွန်းဖွင့်လိုက်သော တံခါးအသံကြောင့် ပြောလက်စစကားကိုရပ်ကာ လှည့်ကြည့်မိလိုက်၏။ တံခါးဖွင့်လိုက်သောသူကို မြင်လိုက်ရာ မျက်ဝန်းအိမ်တို့က ဝိုင်းစက်လာပြီး အာမေဋိတ်သံ ထွက်ပေါ်လို့လာသည်။ ရင်မှာလည်း တထိတ်ထိတ်ဖြင့်။

“ မေမေ...’’

“ ငါ...ငါ… အခုဘာကိုကြားလိုက်တာလဲ ဟမ်... ကိုလတ် ‘’

“ ကြား… ကြားသွားတာလား ‘’

“ ကြားတယ်ဟဲ့ ကြားတယ် ငါ့နားက အကောင်းကြီး ၊ နင်ပြောလိုက်တဲ့စကားကို ပြန်ပြောစမ်းပါ… ‘’

“ မေ မေမေ… အဲ..အဲဒါက...’’

ဝေယံမျိုးနိုင် စကားတို့ပင် ထစ်အကုန်ကာရှေ့မဆက်နိုင်။ ဖခင်၏ကျောဘက်သို့သွားကာ ကွယ်နေလိုက်၏။

“ ငါကြားလိုက်တာဘာလဲ ၊ ပြောစမ်းပါ ကိုလတ်ရဲ့ ငါ့ကိုပြော… ‘’

ဒေါ်တင်မမမျိုးသည်လည်း စိတ်မထိန်းနိုင်တော့ဘဲ ဦးမျိုးနိုင်၏နောက်တွင် ပုန်းလျှိုးကာကွယ်နေသော သားဖြစ်သူအား လက်မောင်းရင်းမှဆွဲကာ ရှေ့သို့ပို့၍ ပုခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာ မေးလာခဲ့သည်။

“ မေမေ ကျွန်တော်က… ‘’

ဝေယံမျိုးနိုင်လည်း ပြောရန်စကားအစပင်ရှာမရ။ မည်သည့်စကားကိုပြောလျှင် မေမေ၏ဒေါသပြေနိုင်မည်လဲ မပြောတတ်။

“ ကိုမျိုးနိုင် ရှင်တို့သားအဖပြောနေကြတာ အမှန်မဟုတ်ဘူးမလား ၊ ကျုပ်ကိုပြော ကျုပ်နားကြားလွဲခဲ့တာ ဟုတ်တယ်မလား ‘’

ဦးမျိုးနိုင်လည်း သက်ပြင်းချကာဖြင့် ဒေါ်တင်မမမျိုး၏မျက်နှာအား သေချာစိုက်ကြည့်ကာ တည်တည်ကြည်ကြည်ပြောလိုက်သည်။

“ မိန်းမ မင်းကြားလိုက်တာက အမှန်တွေပဲ၊ ကိုလတ်နဲ့မြတ်ဘုန်းခန့်တို့က မေတ္တာမျှနေကြတယ် ‘’

“ အို… မဖြစ်နိုင်ပါဘူး မဟုတ်ပါဘူး၊ ရှင်တို့တွေ ကျုပ်ကိုပေါင်းပြီး လိမ်နေကြတာမလား ‘’

ဒေါ်တင်မမမျိုးက မယုံကြည်နိုင်စွာဖြင့် ပြန်ပက်ပြောလိုက်သည်။

I Want A Son-In-Law [Completed] Where stories live. Discover now