(၁၁)

24.7K 2.9K 94
                                    

Unicode

အချိန်တွေကုန်တာ အင်မတန်မြန်လွန်းလှသည်။ မြတ်ဘုန်းခန့်ပြန်သွားသည်မှာပင် သုံးလခန့်ရှိနေလေပြီ။ မပြန်ခင်တစ်ရက်မှာ နှစ်ယောက်အတူ လည်ပတ်ခဲ့ကြသေးသည်မဟုတ်လား။ ပြန်မည့်နေ့ကျ အစ်မဖြစ်သူနှင့်အမေတို့က လိုက်ပို့နှုတ်ဆက်ခဲ့ကြသော်လည်း သူကတော့ မလိုက်ပါဖြစ်။

နယူးယောက်နှင့်ရန်ကုန် အချိန်ကွာဟချက်ရှိသည်တောင်မှ အချိန်ရရင်ရသလို Messengerက စာပို့၍တစ်မျိူး၊ ဖုန်းခေါ်၍တစ်ဖုံ အဆက်အသွယ်အပြတ်မခံဘဲရှိလေသည်။ သည်မှာညဆို ဟိုမှာမနက်။ သူ့အလုပ်ချိန်ဖြစ်လို့ အဆင်မပြေမှာစိုးလှပါသည်ဆိုလျှင်တောင် အပြုံးကမပျက်။ အတွေးပင်မဆုံးသေး၊ ဖုန်းမှအချက်ပေးသံမြည်လာသည်ကို ကြားလိုက်ရ၏။

ဖွင့်ကာကြည့်လိုက်တော့ ပြုံးမိသွားသည်။ သည်လူကတော့ အသက်ရှည်ဦးမည်ပင်။ သူ့အကြောင်းတွေးနေမှန်း သိလို့များလားမပြောတတ်။ Viberမှစာပို့ထားသည်ဖြစ်၍ ချက်ချင်းဖွင့်ဖတ်လိုက်သည်။

“ ဝေယံအိပ်နေပြီလား… ‘’ ဟူသောတိုတောင်းလှသည့် စကားလုံးများဖြစ်ပေမည့် ဖတ်ရသူရင်ထဲ လှိုက်ခနဲနွေးစေသည်။ သူလည်း တုံ့ဆိုင်းမနေဘဲ စာရိုက်ကာပြန်လိုက်သည်။

“ မအိပ်သေးပါဘူး… ‘’

“ အဲဒါဆို လိုင်းပေါ်ခဏလောက်တက်ခဲ့လို့ရမလား ကိုယ်ပြောစရာရှိလို့... ‘’

သူလည်းမဆိုင်းမတွပင် အင်တာနက်ဖွင့်လိုက်သည်။ ဖွင့်ပြီးစက္ကန့်ပိုင်းအတွင်းပင် မြတ်ဘုန်းခန့်၏ Facebook Messengerမှ Video Call ဝင်လာသဖြင့် နားကြပ်တပ်ကာ ကိုင်လိုက်လေသည်။ ဖုန်းမျက်နှာပြင် ဘောင်ကျဉ်းကျဉ်းထဲမှ တစ်ယောက်မျက်နှာတစ်ယောက်မြင်ရသည်မှာ တစ်မျိုးတော့ စိတ်လှုပ်ရှားဖွယ်ရာကောင်းနေပြန်သည်။

“ ဘာပြောမလို့လဲ ပြောစရာရှိရင် Viberကနေ စာပို့ထားလည်းရတာပဲ ၊ ခင်ဗျား အဲဒီမှာအလုပ်ချိန်ကြီးမလား  ‘’

“ ကိုယ့်ရုံးခန်းထဲမှာလေ ဘယ်သူက ဘာလာပြောမှာမလို့လဲ ‘’

I Want A Son-In-Law [Completed] Where stories live. Discover now