2

427 60 3
                                    

"ကျွန်တော့်ကို အလုပ်ခန့်လို့ အကိုကြီးနောင်တမရစေရပါဘူး ကျွန်တော့်မှာဆုံးရှုံးစရာဘာဆိုဘာမှမရှိတော့တာမို့ စိတ်ချပါ"

တက္ကသိုလ်ကျောင်းသားတစ်ယောက် ပြောရရင် ကောင်းမွန်ပြီးဈေးကြီးပေးရတဲ့ တက္ကသိုလ်မှာတက်နေခဲ့တဲ့ကျောင်းသားတစ်ယောက်ရဲ့ အဆုံးသတ်က လူဆိုးဂိုဏ်းတဲ့လား။

ကံကြမ္မာကသူ့ကိုဆိုသိပ်လျစ်လျူရှုတတ်တယ်။ အိမ်ကစီးပွားပျက်သွားပြီး အဖေနဲ့အမေအသတ်ခံလိုက်ရတဲ့နောက် ကျန်ခဲ့တာအကြွေးတွေ။ ကျောင်းတစ်ဖက်နဲ့ကျေအောင်ဆပ်နေသော်လည်း များပြားလွန်းတဲ့အကြွေးတွေကြောင့် ကျောင်းစရိတ်တောင်မလောက်မငှ။

ဘယ်တတ်နိုင်မလဲ။ ရှိသမျှ ရရာအလုပ်တွေလိုက်လုပ်ရင်း ဒီဂိုဏ်းတွင်အဆုံးသတ်သည်။ ဂိုဏ်းက အကြွေးတွေကျေအောင်ဆပ်ပေးပြီး သူက ဂိုဏ်းခေါင်းဆောင်ရဲ့သားအငယ်ဆုံးကိုယ်ရံတော်အပြင် စာသင်ပေးရမည်။

ထိုကောင်လေးသည် တော်တော်ပြောရဆိုရခက် လက်ပေါက်ကပ်ပြီး သူနဲ့တော်တော်ကိုအပေါက်အလမ်းမတည့်။ ပြောသမျှကန့်လန့်တိုက်ကာ စွာသည်မို့ သည်းခံရသည်ကတော့အမှန်။

"ကျွန်တော့်ကို Club လိုက်ပို့ပေးလို့ Park Sunghoon-ssi မကြားဘူးလား"

"အကိုကြီးက ကျောင်းကအပြန်အိမ်တန်းခေါ်လာဖို့မှာထားတယ် ကောင်လေး "

"ကျွန်တော် တက္ကသိုလ်ကျောင်းသားဗျ ကောင်လေး ကောင်လေးနဲ့မခေါ်နဲ့ နာမည်လည်းရှိတယ် ကျွန်တော့်နာမည်ရောသိရဲ့လား"

"သိပါတယ်"

"သိရင်နာမည်ပဲခေါ်လေ Club သွားကြမယ်လို့ Sunghoon-ssi ကလိမ်ပြောလိုက်ရင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်တွေချည်းပဲ "

"Sunoo နဲ့ Club လိုက်တက်လို့ကိုယ်ဘာရမှာလဲ ကိုယ့်အတွက်အကျိုးအမြတ်မရှိဘူး အကိုကြီးသိသွားရင် မင်းရော ကိုယ်ရောအတွက်မကောင်းဘူး"

"နေပေါ့"

နှုတ်ခမ်းဆူပွပွနဲ့ ကားပြတင်းပေါက်ဘက်လှည့်သွားသည်မို့ ဒီကောင်လေး စိတ်ဆိုးသွားတာသေချာပြီ။ အိမ်ရောက်လို့စာသင်ပေးသည့်အခါ ကန့်လန့်တိုက်နိုင်ခြေဟာ 100 ရာခိုင်နှုန်း။

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now