22

150 21 4
                                    

Sunghoon တစ်ယောက် ညကသတိလစ်သွားပြီးနောက် ခေါင်းတစ်ခုလုံးကိုက်ခဲနေကာ အိပ်ရာတစ်ခုထက်တွင်နိုးလာသည်။ အပေါ်အကျီတောင်မပါဘဲ နိုးလာသည်ကြောင့် အနည်းငယ်လန့်သွားသည်။ စားသောက်ဆိုင်တွင်သတိလစ်သွားသည်ကိုသာ သူမှတ်မိသည်။

hotel ခန်းတစ်ခန်းဖြစ်ပုံရပြီး ကုတင်ဘေးတွင် အမျိုးသမီးအဝတ်အစားများကျနေသည်ကြောင့် အလန့်လန့်အဖြန့်ဖြန့်နှင့် ထမိတော့ တံခါးဝတွင်အသံတစ်ချို့ကြားသည်ကြောင့် ထွက်ကြည့်မိသည်။ မြင်လိုက်ရသည့် မြင်ကွင်း တစ်နည်းမဟုတ် ကလေး၏အကြည့်တို့ကြောင့် ငါတော့ သွားပြီဆိုသည့် အတွေးနှင့် ပြေးလိုက်သော်လည်းကလေးက မရပ်။

"ကလေး Sunoo ကိုယ်ရှင်းပြမယ်လို့ ရပ်ဦးလို့"

အနည်းငယ်မှီသွားသည်နှင့် လက်ကိုလှမ်းဆွဲလိုက်သည်။ မျက်ရည်စတို့ သီတွဲနေသော မျက်ဝန်းများနှင့် လှည့်ကြည့်လာတော့ ဒီကောင်ရင်ဘတ်တွေအကောင်းတိုင်းရှိရိုးလား။ ရိုက်ပစ်လိုက် ထုပစ်လိုက် အော်ဟစ်ပြောဆိုလိုက်တာကမှခံသာလိမ့်ဦးမည်။

"ကိုယ်ရှင်းပြမယ် ကလေးထင်နေသလိုမဟုတ်ဘူး"

"ဘာတွေများထပ်ရှင်းပြနေဦးမှာလဲ .. ကျွန်တော့်မျက်လုံးနှစ်လုံးနဲ့ တပ်အပ်မြင်လာပြီးပြီ ဘာတွေထပ်ရှင်းချင်သေးတာလဲ "

တုန်ယင်နေသော အသံကြောင့် Sunghoon လန့်သွားသည်။ သူကလေးကိုနာကျင်အောင်လုပ်မိပြန်ပြီ။ ဒီတစ်ခါက သူ့ပယောဂမပါပေမယ့် ကလေးအထင်လွဲသွားပြီဆိုသော အသိကြောင့် အသံတောင်မနည်းထွက်အောင်ပြောနေရသည်။

"ကျွန်တော်မတွဲခင်ကတည်းက ခင်ဗျားကိုပြောခဲ့တယ် ကျွန်တော်ကယောကျာ်းတစ်ယောက်လို့ ယောကျာ်းမာနရှိတယ် ဒီကောင်က သောက်ရူးလုပ်လို့လွယ်တယ် ဒီကောင်ငါ့ကိုရူးနေတာပဲလို့လွယ်လွယ်မတွေးပစ်ဖို့ ကျွန်တော်ပြောထားခဲ့တယ်မဟုတ်ဘူးလား"

"ကိုယ်တကယ်ကို ဘာမှမသိတာပါကွာ ... ဆေးမိပြီး ညကသတိလစ်သွားတာပါယုံပေးပါကွာ"

"ကျွန်တော် စောက်ရူးမဟုတ်ဘူး Park Sunghoon!!! ဒါလား.. ခင်ဗျားပြောတဲ့ ကျွန်တော့်အတွက် ကြိုးစားနေတယ်ဆိုတာ ဒါလား... ခင်ဗျားဖောက်ပြန်နေတာကို မျက်စိနဲ့တပ်အပ်မြင်လာတာ .. ခင်ဗျားကိုယ်မှာ ဘယ်မှာလဲ အကျီ ဒါနဲ့တောင် လိမ်ချင်သေးတာလား လုပ်ရက်တယ် ကျွန်တော်ကတော့ ခင်ဗျားနဲ့မခွဲချင်လို့ သောက်ပေါတစ်ယောက်လို တစ်ခါတောင်ပြန်မအော်ဖူးတ့ အဖေကိုပြန်အော်ထားတာ "

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now