11

181 38 0
                                    


သူအလုပ်မသွားတာ ဒီနေ့နဲ့ဆို 3ရက်ရှိပြီ။ အကိုကြီးဆီခွင့်တင်ထားပြီး သူအလုပ်မသွားဖြစ်ပါ။ ကောင်လေးကိုမျက်နှာချင်းမဆိုင်ရဲသေးတာလည်းပါမည်။

အတွေးတွေရှုပ်ထွေးလျက်ရှိနေပြီး သူဘာဆက်လုပ်ရမလဲ စီစဉ်နေမိသည်။ ကောင်လေး မနာကျင်ရမယ့်နည်းကိုသာသူလုပ်ချင်နေသည်။ ဒီလိုလုပ်တာ ဖေနဲ့မေ့ကို မျက်နှာပြောင်တိုက်ရာကျနေလျှင်တောင် သူကောင်လေးကိုဦးစားပေးမိသည်အထိ။

သက်သေအစုံလည်းရနေပြီဖြစ်ကာ ကောင်လေးအဖေ၏စီးပွားရေးကို ဖျက်ဆီးလိုက်ဖို့ ဘယ်လောက်မှကြိုးစားအားထုတ်နေစရာတောင်မလို။

ဖြစ်စဉ်ကား ကောင်လေးအဖေနှင့် ဖေ့အတွင်းရေးမှူး ဆိုအမ်းတို့ကစပ်တူစီးပွားရေးလုပ်ခဲ့ကြသည်။ အရှိန်အဝါကောင်းကောင်းနှင့် ထိုးတက်နေသည့်အချိန်ဖြစ်သည်မို့ ဖေ့Company ကိုCover ယူကာ လက်နက်နှင့်မူးယစ်ဆေးတွေတင်သွင်းခဲ့ကြသည်။

ဖေသိသွားသည့်အချိန်မှာ ဆိုအမ်းနှင့်အကြီးအကျယ်ရန်ဖြစ်ကြပြီး အတွင်းရေမှူးနေရာမှဖြုတ်ပစ်ခဲ့သည်။ သို့သော်ဖေ့အခြေအနေကထိုအချိန်တွင် ဆုပ်လည်းဆူး စားလည်းရူးအခြေအနေမို့  ဆိုအမ်းအကြပ်ကိုင်သမျှကိုမှိန်းနေခဲ့ရသည်။

နောက်ပိုင်း ကောင်လေးအဖေစီးပွားရေးအရှိန်ရသည်နှင့် Sunghoon ဖေဖေစီးပွားရေးကို ထိုးချလိုက်တာပါပဲ။ သက်သေကိစ္စအတွက် ခရီးသွားချိန်မှာ ဖေဖေတို့ကို ဆိုအမ်းက ဂိုဏ်းနှင့်ပေါင်းကာ လုပ်ကြံခဲ့လေသည်။

အခု Sunghoon လက်ထဲမှာ သက်သေအစုံရနေပြီ။ လက်စားချေရန်အသင့်ဖြစ်နေပြီ ဘာကြောင့်သူမလုပ်နိုင်ရတာလဲ။

"အကိုလေးဖြစ်စေချင်သလို ကျွန်တော်ကလိုက်လုပ်ပေးမှာပါ စိတ်အဆင်သင့်ဖြစ်ရင်ကျွန်တော့်ကိုပြောပါ"

"ကောင်းပါပြီ ကျွန်တော်ဆက်သွယ်လိုက်ပါ့မယ်"

ဖေဖေ့လူယုံပြန်သွားသည့်တိုင် သူဧည့်ခန်းထဲကမထမိ။ ခေါင်းကိုငုံ့ကာထိုင်နေမိသည်။ ခေါင်းကိုမော့ကြည့်လေတော့ မျက်စိရှေ့မှာနေရာယူနေတာ သူတို့သားအမိ သားအဖသုံးယောက်ပုံ။ မျက်ရည်တို့ဟာ မပြောပါဘဲ တာဝန်ကျေစွာ ပြိုဆင်းလာသည်။

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now