19

155 25 0
                                    

"ကျွန်တော်အခုပို့ပေးတဲ့ ဖုန်းနံပါတ်ကို‌ခြေရာခံပေးပါ Ethan မြန်မြန်လေး"

"အေးအေး... ရပြီ"

"လွန်ခဲ့တဲ့ ၅ မိနစ်ကအထိ xxxxx မှာရှိနေတယ် အခုတော့ တည်နေရာပျောက်သွားတယ် Sunghoon"

"ကျေးဇူး Ethan"

မီရာကိုပင်မစောင့်ဘဲ အမြန်မောင်းထွက်လာလိုက်သည်။ကားမောင်းနေရင်းတစ်ဖက်ကလည်း Dany ကိုအဆက်မပြတ်ဖုန်းခေါ်နေမိသည်။

"တောက်... သတ်ပစ်မှာ တစ်ယောက်မှအရှင်မထားဘူး.. "

Ting!

message ဝင်လာသည်မို့ကြည့်လိုက်လေတော့ နံပါတ်စိမ်းတစ်ခုဖြစ်နေသည်။ ဖွင့်ကြည့်ပြီးသည့်နောက် Sunghoon တစ်ယောက်ကားကိုလမ်းကြောင်းပြောင်းလိုက်လေသည်။ မျက်လုံးတို့မှာလည်း ဒေါသကြောင့် နီရဲနေပြီး တကယ်ကိုလူသတ်ချင်နေသည့် အနေအထား။

ထို message သည်ကား "အရှင်တွေ့ချင်ရင် ၅မိနစ်အတွင်း xxxxxx ကိုလာခဲ့" ဟူ၍ဖြစ်ပြီး Dany ၏သွေးချင်းချင်းရဲနေသော ဓာတ်ပုံပင်ဖြစ်လေသည်။

-------

"ဘာလို့လိုက်နေတာလဲ သက်သေတွေဘယ်မှာသိမ်းထားလဲ ပြောလို့ ခွေးမသားရဲ့"

"သတ်ပစ်လိုက် ငါ့ကို သတ်ပစ်လိုက်"

သွေးများရဲနေသည့် Dany တစ်ယောက် စကားပင်အသံထွက်အောင်မနည်းပြောနေရသည်။ မနက်ပိုင်း ဆိပ်ကမ်းတွင် ဂျပန်မှပစ္စည်းများသယ်သည့်စာရင်းနှင့်အကိုလေး၏အမှုအတွက် အရေးပါသော record တစ်ခုကိုလိုက်ရင်း အဖမ်းခံလိုက်ရခြင်းပင် ဖြစ်သည်။

အထိုးခံ အရိုက်ခံ အကန်ခံရသည်မှာအချက်ရေဘယ်လောက်ရှိနေပြီကိုပင် သူမသိတော့။ ထုံနေပြီဖြစ်သည်။ သွေးပျစ်ပျစ်တို့ကို ထွေးထုတ်လိုက်ပြီး မထီသော မျက်နှာထားနှင့် မျက်နှာကိုမော့ချီထားမိသည်။ အကိုလေး ရောက်မလာပါစေနဲ့လို့လည်း စိတ်ထဲမှဆုတောင်းနေမိသည်။

သူ့ကိုနှိပ်စက်နေသည်ကို ကြီးကြပ်နေသူမှာ Kim Lee ၏အတွင်းရေးမှူး ဆွန်းပင်။

"အတွင်းလူဘယ်သူလဲပြောစမ်း"

"မင်းသိနေတာ..ပဲ မဟုတ်လား"

ကိုကိုချစ်သော ကလေးငယ်(mine)Onde histórias criam vida. Descubra agora