9

188 36 7
                                    


"ကောင်လေး အိမ်ရောက်ပြီလေ"

တစ်နေကုန်လုံး စာလုပ်ဖြစ်၍ ညနေဘက်ကိုရုပ်ရှင်ကြည့်ချင်သည်ပြော၍ ရုပ်ရှင်ရုံကိုလိုက်ပို့ပြီးအပြန်တွင်ဖြစ်သည်။

အရင်လိုနောက်ခုံတွင်မထိုင်တော့ဘဲ passenger seat တွင်သာထိုင်ကာ အိပ်ပျော်နေလေသည်။ အကိုကြီးနှင့် သူ့အကိုတွေလည်းပြန်ရောက်နေပြီမို့ Sunghoon တစ်ယောက်အနေအထိုင်ဆင်ခြင်နေရသည်။

မတတ်နိုင်။ Seat belt ဖြုတ်ပေးလိုက်ကာ ကားပေါ်မှဆင်းပြီး Bridel ပုံစံပွေ့ချီလိုက်သည်။ ရင်ခွင်ထဲမျက်နှာအပ်ကာ အိပ်ပျော်နေသည့် ကောင်လေးကိုတစ်ချက်ပြုံးကာ ငှဲ့ကြည့်လိုက်ပြီးနောက် အိမ်ထဲသို့်ဝင်သွားလိုက်သည်။

"ကလေးလေး အိပ်လာတာလား Sunghoon "

"ဟုတ်တယ် Hyung"

"အေးအေး အခန်းထဲသွားထားလိုက်ဦး ပါးတောင်မစောင့်နိုင်တော့လို့ အိပ်သွားပြီ"

အခန်းထဲရှိ ကုတင်ပေါ်ညင်ညင်သာသာလေးချပြီးနောက် နဖူးကိုအနမ်းဖွဖွပေးကာ ပြန်ထွက်လာခဲ့လိုက်သည်။  အပြင်တွင် ဖုန်းထိုင်သုံးနေသည့် Mingyu Hyung ကသူ့ကိုတစ်ခုခုပြောချင်နေမှန်းသိသာသည်။

"Hyung ဘာပြောစရာရှိသေးလဲ ကျွန်တော်ပြန်တော့မလို့"

"အင်း မင်းဒီရက်ပိုင်းတွေ အခန်းပြန်မအိပ်ဘူးဆို Sunghoon"

"ဟုတ် ကျွန်တော်ပြန်မအိပ်ဖြစ်ဘူး သူငယ်ချင်းတစ်ယောက်အိမ်မှာပဲ အိပ်ဖြစ်တာများလို့ Hyung "

"ငယ်လေးနဲ့ရော အခြေအနေဘယ်လိုရှိလဲ"

"အဆင်ပြေပါတယ် သူကအခုတလော စာလည်းသေချာလုပ်ပြီး အကိုကြီးမကြိုက်တာတွေလည်းမလုပ်ဘူးဆိုတော့ ကျွန်တော်ထိန်းရတာသက်သာနေတယ် "

"ဟားဟား အေးကွာ အငယ်ဆုံးလေးဆိုတော့ တစ်ခါတစ်လေ နည်းနည်းဆိုးချင်တယ် ငါတို့ကိုကြီးကလည်း ပါရီရောက်နေတော့ သူ့ကိုကလေးလေးလိုပြုစုပြီးထိန်းမယ့််လူမရှိဘူး ငါကလည်းသိတဲ့အတိုင်း ပါးနောက်လိုက်နေရတော့သူကသိပ်မခင်တွယ်ဘူး "

"သူHyung ကိုခင်တွယ်ပါတယ် Hyung တို့အကိုထက် Hyung ကသူ့ကိုပိုအလိုလိုက်လို့တဲ့"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now