10

188 37 6
                                    



ကောင်လေးကျောင်းတွင် assignment ထပ်ပြီးပြန်အလာလမ်းတွင်ဖြစ်သည်။ နှစ်ယောက်လုံးတိတ်ဆိတ်နေကာ ဘာမှသိပ်မပြောဖြစ်။ ဒီရက်ပိုင်း ကောင်လေးလည်းငြိမ်နေတတ်သလို သူလည်းမိဘတွေကိစ္စစုံစမ်းနေမှုကြောင့် မအားလပ်။

" Sunghoonie "

"အင်းပြောလေ ကောင်လေး"

"ကျွန်တော်နဲ့ညစာတူတူလိုက်စားပါလား"

"စားတာက စားလို့ရပါတယ် အကိုကြီးကိုခွင့်တောင်းပြီးပြီလား အပြင်မှာထွက်စားမယ်ဆို"

"အင်းတောင်းလိုက်မယ် ဘယ်မှမသွားနဲ့ ကျွန်တော်နဲ့ပဲတူတူလိုက်"

"အကိုကြီးခွင့်ပေးရင် ကိုယ်လိုက်ပို့ပါ့မယ်"

"ဒီရက်ပိုင်း Sunghoonie ကကျွန်တော့်နားလည်းသိပ်မကပ်ဘူး"

"အင်း ကိုယ်ကိစ္စလေးတစ်ခုရှိနေလို့ "

"ဘာကိစ္စလဲ ကျွန်တော့်ကိုလည်းပြောပြလေ"

"ကိုယ့်ကိုယ်ရေးကိုယ်တာမို့ပါကောင်လေးရယ် နောက်ကြပြောပြမယ်"

"အင်း အဲ့နေ့ကိုစောင့်နေမယ် ဒီနေ့တော့ကျွန်တော်ပြောစရာလည်းရှိလို့"

"ဟုတ်ပါပြီ ကိုယ်လိုက်ပို့ပါ့မယ် ဘယ်ဆိုင်သွားစားချင်လဲပဲ စဉ်းစားထား"

မျက်နှာလေးရွှင်ပျသွားမှ စိတ်ချမ်းသာရသည်။ ကောင်လေး၏အပြုံးလေးမြင်ရုံနှင့်သူမောနေသမျှ ဘဝအမောတွေအကုန်ပြေတာပါပဲ။ ကောင်လေးဟာ ဘာတွေဖြစ်လာဖြစ်လာ သူလက်မလွှတ်ချင်ဆုံးလူ။

အကိုကြီးကလည်း သူပါလျှင် လွှတ်မည်ဟု ခွင့်ပြုသဖြင့် သူတို့နှစ်ယောက်ညစာစားရန်ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို ဘိုကင်လုပ်လိုက်ကြသည်။ မသွားခင် ထိုကောင်လေးရေချိုးပြီးကာစ ခါးတွင်သဘက်တစ်ထည်နှင့် အဝတ်အစားရွေးတာကိုထိုင်စောင့်ပေးရသေးသည်။

"ကျွန်တော် ဒီအမည်းရောင်နဲ့လိုက်လား ဒီအဖြူရောင်နဲ့လိုက်လား"

"မင်းကဘာဝတ်ဝတ်လိုက်ပါတယ်"

"ကျွန်တော့်ကိုကြည့်ဖြေလေ Sunghoonie ရဲ့"

ဘယ်လိုလုပ်ကြည့်နိုင်မှာလဲ အသားလေးတွေကအချို့နေရာတွင်ရဲနေကာ ဖြူဥနေသေးသည်။ မျက်နှာပင်နီမြန်းကာ တစ်ဖက်ကိုလွှဲထားမိသည်မို့ ထိုကောင်လေးက အမျက်တော်ထွက်လေတော့သည်။

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now