23

189 25 9
                                    

*Haven't check the spellings*

"ကလေးလေး"

"ဗျာ ကိုကို"

ညစာစားနေကြသည့် အချိန်တွင် ကိုလတ်ကခေါ်လာသည့်အသံပင်။ မနက်ခင်းကငိုထားသည့်ဒဏ်ကြောင့် မျက်လုံးတို့ဟာ ဖူးယောင်နေဆဲ။

"Sunghoon ပြောတာအမှန်ဖြစ်နေရင်ရော"

"ကျွန်တော်အရူးမှမဟုတ်ဘဲကိုကို"

"သူကလည်း ကလေးကိုအရူးလုပ်မယ့်လူလို့ ကလေးထင်လား"

ကိုလတ်မေးသည့်မေးခွန်းက သဘာဝတော့ကျပါသည်။အမှန်တိုင်းပြောရလျှင် သူသည် ဖြစ်ပျက်သွားသမျှ၊ မျက်စိရှေ့မှာဖြစ်ပျက်သွားသမျှထက်  ကိုကို့စကားကိုပိုယုံချင်နေသည်။ သူသည်ကိုကို့ကို ရူးလောက်အောင်ချစ်ပါသည်။

ကိုကိုသူ့ကိုအရူးလုပ်စရာအကြောင်းတော့ မရှိ။ ဒါပေမယ့် ... သက်သေရောက်မလာခဲ့ရင်ရော။ ဒါမှမဟုတ် သက်သေရောက်လာခဲ့ရင်ရော .. ကိုကိုကသူ့ကိုယ်ကျင်တရားကိုမယုံကြည်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားမလား။

"ကျွန်တော်မသိဘူး ကိုကို .. ကျွန်တော် pressure တွေအရမ်းများနေလို့"

" ကိုကို့ကိုဘာလို့ အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်တည်းခံစားနေတာလဲ ကိုကိုတို့ကညီအစ်ကိုလေ ငယ်လေး.. ကိုကြီးက ဖေဖေ့ဘက်ကဆိုရင်တောင် ကိုကိုကတော့ ငယ်လေးဘက်မှာအမြဲရှိတယ်"

"ကိုကိုလည်းစိတ်ရှုပ်စရာရှိလို့ အိမ်ပေါ်ကဆင်းသွားတာပဲမဟုတ်လားဆိုပြီး ကျွန်တော်မပြောထွက်, မပြောရက်ဘူးကိုကို"

"အခုပြောပြ "

"ကျွန်တော်နဲ့ Sunghoonie အကြောင်း..ပါးသိပြီး နိုင်ငံခြားကိုဇွတ်လွှတ်နေတယ် ကိုကိုသိမှာပါ ကျွန်တော်ဒီမှာမရှိတာနဲ့ Sunghoonie ကိုဘာလုပ်မယ်ဆိုတာ"

"အင်း ကိုကို့ကို Sunghoon ပြောတယ် ကိုကိုတောင်းပန်ပါတယ် ဒီလိုအချိန်ကိုကိုသာ ငယ်လေးဘေးရှိရင် ပါးလက်ဖျားနဲ့တောင် မထိနိုင်အောင် ကာကွယ်ပေးနိုင်ခဲ့လောက်တယ်"

"ကိုကို့အပြစ်မဟုတ်ပါဘူး ကိုကိုလည်းစိတ်ဆင်းရဲနေခဲ့တာပဲလေ"

"မျက်နှာပြဦး အရမ်းကြီးတော့မညိုတော့ပေမယ့် နည်းနည်းညိုနေသေးတယ် ညစာစားပြီးရင် ကိုကိုရေခဲထပ်ကပ်ပေးမယ်"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now