3

337 49 2
                                    


"ကောင်လေး စာကိုအာရုံစိုက်လေကွာ မင်းနားထောင်မနေရင် ကိုယ်မင်းကိုဘယ်လိုလုပ်ရှင်းပြလို့ရမှာလဲ မင်းလည်းနားမလည်ဘူး အကျိုးမရှိမဖြစ်စေနဲ့"

"အာရုံစိုက်နေတယ်လေ ခင်ဗျားမှ နားလည်အောင်ရှင်းမပြတာ"

"မင်းအဲ့ဖုန်းကိုတစ်ချိန်လုံးကိုင်မနေနဲ့ကွာ ညဘက်စာကြည့်ပြီးရင် တစ်ညလုံးမအိပ်ဘဲကိုင်ထားလို့ရတယ်"

"ကျွန်တေ်ာ့ကို စာလုပ်ဖို့ဇွတ်ကြီးတွန်းအားပေးနေရအောင် ကျွန်တော်အထက်တန်းကျောင်းသားလည်းမဟုတ်ဘူး "

"အထက်တန်းကျောင်းသားမဟုတ်လို့ မင်းကိုငါဒီလောက်ပြောနေတာ မင်းအခုသင်နေရသမျှလုပ်ငန်းခွင်ထဲမှာသုံးရမှာ သေချာကြည့်"

Sunghoon ငေါက်လိုက်သည်မှာအသံကျယ်သွားသည်မို့ထင်ပါသည်။ မျက်ရည်စတွေဝဲတက်လာပြီး ဖုန်းကိုခုံပုလေးပေါ်လှမ်းတင်လိုက်သည်။ ဒီလိုမြင်ရတော့လည်း Sunghoon ကစိတ်မကောင်း။

အမြဲစွာလန်ပြီးရန်ဖြစ်နေရသည်ကသာ သူ့စိတ်ကိုချမ်းသာရာရစေသည်။ Sunghoon ကအသံကျယ်ကျယ်တွေနှင့် ထိုသို့စကားအများကြီးပြောရတာကိုလုံးဝအဆင်မပြေတဲ့ Introvert တစ်ယောက်။

ဒါပေမယ့် ဒီကောင်လေးနဲ့ကြမှ.. ဒီကောင်လေးနဲ့ကြမှ သူစွာလန်နေအောင်ရန်တွေ့နေတဲ့ ပြဲနေတဲ့အသံကနားဝင်ချိုနေသလိုလို။ ဒီကောင်လေးမျက်နှာညိုးတာကိုပင် မခံနိုင်ရလောက်အောင်သူဘာဖြစ်နေသလဲ။ အလုပ်ရှင်ရဲ့ငြိုငြင်မှုကိုမရအောင် ပိုပြီးဂရုစိုက်မိလေသလား။

သူ့ကိုသူပြန်ဆန်းစစ်ရလိမ့်မည်။ လောလောဆယ်တော့မငိုအောင်၊ စိတ်မကောင်းမဖြစ်အောင်တောင်းပန်ရဦးမည်။

"Sunoo ကိုယ့်ကိုကြည့်ပါဦး"

"ဟင့်"

"ကိုယ်ကမင်းကိုအကောင်းဆုံးတွေပဲဖြစ်စေချင်လို့ပြောလိုက်တာပါ မင်းဘယ်သူနဲ့ဘာတွေဖြစ်နေနေ ကိုယ်ဘာမှမသိသလို မဆိုင်သလိုနေလို့ရပေမယ့် ကိုယ့်တာဝန်ချိန်မှာတော့ ကိုယ်လျစ်လျူမရှုနိုင်ဘူး.. မင်းကအခုချိန်မှာမသိပေမယ့် သူတို့ကမင်းတက်လမ်းကိုပိတ်ပင်နေတာ။ သူတို့ကြောင့်ကုန်ဆုံးသွားမယ့်အချိန်တွေကအစားမရဘူး ကောင်လေး။ စာမေးပွဲအရမ်းကပ်နေပြီ ကျလို့မဖြစ်ဘူး ကိုယ်ပြောတာနားလည်တယ်မဟုတ်လား မငိုရဘူးလေကွာ"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now