26

159 25 10
                                    

"မီရာ လွှတ်ပေးလိုက်ပါ ငါ့ကလေးမှာ ဘာအပြစ်မှမရှိဘူး"

"အင်းမလွှတ်ချင်ဘူး"

"ဘာ"

"မလွှတ်ချင်ဘူးလို့ ပြောလိုက်တာလေ တို့ပြောတာမရှင်းလို့လား"

"ငါနှစ်ခါမပြောချင်ဘူး မင်းလိုချင်တာ ညှိနှိုင်းပေးမယ်"

"တို့လိုချင်တာကို မင်းကပေးနိုင်မှာသေချာလို့လား"

"ပြောကြည့်လေ ပေးနိုင်မပေးနိုင်ကတော့ ငါဆုံးဖြတ်မယ်"

"ဟားဒါမျိုးကတော့ မင်းလူလည်ကျတာဖြစ်သွားပြီ ညှိနှိုင်းမယ်ဆိုတာထက် တို့ကတော့ လိုချင်တာကိုတောင်းတာလို့ပြောချင်တာပဲ"

"ဘာလိုချင်တာလဲ"

"မင်းကို"

Sunghoon ကမယုံနိုင်သလိုမျက်လုံးတွေနှင့်ကြည့်လိုက်ပြီး ဟက်ခနဲရယ်လေသည်။ ဒီမိန်းမရူးတာတော်ရုံတော့မဟုတ်။

"ရူးသွားတာလား မီရာ"

"ဟွန်းလေး ... "

မယုံနိုင်လောက်အောင်ချွဲပျစ်နေသည့်အသံနှင့် ထွက်ပေါ်လာသည့် နာမ်စားကြောင့် Sunghoon မျက်ခုံးများတွန့်ချိုးသွားသလို ကလေးလေးသည်လည်း ခေါင်းထောင်လာသည်။

"ဘာတွေလာရူးနေတာလဲ ငါ့ကလေးလေးကိုပြန်လွှတ်ပေး"

"မလွှတ်ပေးနိုင်ဘူး သတ်ပစ်မှာ"

သတ်ပစ်မှာဟုဆိုကာ Sunooဆီဦးတည်သွားလေတော့ Sunghoon တစ်ယောက်ထိတ်ပြာကာ သေနတ်နှင့်လှမ်းပစ်လိုက်လေသည်။

Sunoo ခေါင်းထဲဝင်လာတာ မီရာရိုက်သွင်းပေးခဲ့တဲ့ ဖြစ်ရပ်အမှားတွေပဲ။ ကိုကိုကဒီလိုပဲ လူတစ်ယောက်ကိုလွယ်လွယ်ပစ်သတ်နိုင်တဲ့သူလား။ သူ့ကိုအကြောင်းပြုပြီး လူတွေသေကုန်တာမို့ သူကအဓိကပြစ်ချက်မဟုတ်ဘူးလား။

ကိုကို၊ မီရာ့ကိုပစ်သတ်လိုက်မှာ ကြောက်သည့်စိတ်နှင့် သွေးရူးသွေးတန်းအော်မိတော့သည်။

"ကိုကိုရပ်လိုက်ပါ ... မသတ်လိုက်ပါနဲ့ ကျေးဇူးပြုပြီး လူတစ်ယောက်အသက်ကို လွယ်လွယ်နဲ့ မသတ်လ်ိုက်ပါနဲ့"

"ကိုယ်က မင်းကိုကာကွယ်ဖို့လုပ်နေတာလေ Sunoo"

"ကျွန်တော့်က်ိုအကြောင်းပြုပြီး လူသတ်တာတွေတော်ပါတော့ ကိုကို ကျွန်တော်တောင်းပန်တာပါ"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now