6

269 48 4
                                    



ခွမ်း*

သေနတ်သံသာကြားလိုက်ရပြီး တစ်ကိုယ်လုံးအနာအဆာရယ် တစ်နေရာမှမရှိတော့ Sunghoon မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဘေးတွင် ကွဲကြေနေသော ပန်းအိုးတစ်လုံးနှင့်မျက်ရည်တွေနှင့် ကောင်လေး။

"ပါး ဘာလို့လဲ"

"သားငယ်အတွက် ပါးလုပ်နေတာ ပါးကလေးလေးအတွက်"

"ပါးလုပ်လိုက်သမျှ သားအတွက်ဆိုတဲ့လုပ်ရပ်တွေကြောင့် သားမှာလေ.. သားကိုစိတ်ရင်းနဲ့ပေါင်းမယ့် သူငယ်ချင်းဆိုတာမရှိဘူး.. သားရဲ့အထီးကျန်တဲ့ဘဝကို Sunghoonie ကပျော်ရွှင်အောင် သူတတ်သလိုစွမ်းဆောင်ပေးနေတာ ဘာကြောင့် သားဘဝထဲကထွက်သွားအောင်လုပ်ဖို့ကြံတာလဲ "

မျက်နှာလေးပင်နီရဲနေကာ ငိုကြီးချက်မနှင့် သူ့အဖေကိုအော်နေသူကြောင့် အကိုကြီးဟာမယုံနိုင်သလိုမျက်လုံးမျိုးနှင့် ကြည့်နေကာ Mingyu ကလည်းအံ့သြတကြီးကြည့်နေလေသည်။

" ပါးရယ် ရပ်လိုက်ပါတော့ သားမှာ Sunghoonie ဆိုတဲ့သူငယ်ချင်း မိတ်ဆွေပဲရှိတော့တာပါ ကျေးဇူးပြုပြီးသားကိုချစ်ရင် ရပ်လိုက်ပါ"

အကိုကြီးသည် မျက်နှာထားကိုလျှော့လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် လဲပြိုနေသည့်သူ့ကိုတစ်ချက်ကြည့်သည်။ ပြီးနောက်

" Min Gyu ထ... ငါတို့သွားမယ် "

"ဟုတ် ပါး"

အကုန်ထွက်သွားကြပြီး နှစ်ယောက်တည်းကျန်တော့သည့် အချိန်ရောက်မှ အနှီကောင်လေးက ကျွန်တော့်ကိုလာပွေ့ထူလေသည်။ ထို့နောက် သူ့အခန်းထဲကိုတွဲခေါ်သွားကာ ကုတင်ပေါ်တွင်ထိုင်စေသည်။

" ကြည့်ပါဦး ဒီလောက်ချောတဲ့မျက်နှာကို စုတ်ပြတ်သတ်သွားအောင်ထိုးရတယ်လို့ ပါးကိုစိတ်ဆိုးလိုက်တာ ခဏနော် ကျွန်တော်သန့်ရှင်းရေးလုပ်ပေးမယ်"

လှမ်းဆွဲဖို့တောင်မမီလိုက် လှစ်ခနဲ ရေချိုးခန်းထဲပြေးဝင်ပြီး ပုဝါတစ်ထည်နှင့် ရေဇလုံကိုင်ကာ ပြန်ရောက်လာသည်။ ထို့နောက်ကွဲသွားသော နှုတ်ခမ်း မျက်ခုံးနှင့် ယောင်ကိုင်းနေသော ပါးစောင်ရိုးတို့ကို ဖွဖွလေးတို့ကာထိကာ သန့်ရှင်းရေးလုပ်ပေးလေသည်။

ကိုကိုချစ်သော ကလေးငယ်(mine)Dove le storie prendono vita. Scoprilo ora