12

175 33 3
                                    


Sunghoon အဖျားတွေကြီးကာ လဲနေသည်မှာကြာပြီမို့ အိပ်ရာထဲမှပင်မနည်းထယူရသည်။ သူစိတ်ကောလူရော ပင်ပန်းနေသည်ကြောင့် နှစ်ဆပိုခံရပါသည်။ ကောင်လေးကိုလွမ်းသည့်ဒဏ်လည်းပါတာပေါ့။

တစ်ခုကောင်းသည်က သူဖျားနေသည့်အချိန်အတွင်းဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့သည်။ ချစ်ရတဲ့သူကိုမနာကျင်ရမယ့်နည်းတစ်ခုကို ဆုံးဖြတ်နိုင်ခဲ့သည်လေ။

ကုတင်ပေါ်မှထလိုက်ပြီး ယိုင်နဲ့နဲ့ခန္ဓာကိုယ်နဲ့ပဲ ရေချိုးခန်းထဲဝင်ကာ လန်းဆန်းသွားစေရန် ရေချိုးပစ်လိုက်သည်။ ပြီးနောက်တွင် မျက်နှာပေါ်ရှိအမွှေးအမျှင်တို့ကိုရိတ်သင်လိုက်ကာ အဝတ်အစားတစ်စုံလဲလိုက်သည်။

1 ပတ်နီးပါး ပိတ်ထားခဲ့သည်ဖုန်းကိုပြန်ဖွင့်လိုက်ပြီး ရင်းနှီးနေသည့်ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။

"ဟဲလို အေးငါပါ Jaeyun .. ငါ့ကိုအားဆေးပုလင်းနဲ့ အဖျားပျောက်ဆေးတွေယူလာပြီးပေးလို့ဖြစ်လား လိပ်စာပို့ပေးမယ် "

"..."

"ကျေးဇူးကွာ"

သူဧည့်ခန်းထဲသွားလိုက်ပြီး ဖုန်းကိုကြည့်လိုက်တော့ တန်းစီနေသည့် Messages တွေနှင့် Phone calls တွေ။ အကုန်လုံးဟာ တစ်ဦးတည်းဆီက ဝင်ထားသည်တို့ပင်။

*sunghoonie နေကောင်းတာသက်သာပြီလား ကျွန်တော်စိတ်ပူတယ် *

*Message ကိုတွေ့ရင်စာပြန်ပါနော် အဆောင်မှာလည်းမရှိတော့ ကျွန်တော်လာလို့မရဘူး *

*အဆင်ပြေနေရဲ့လား သတိရတယ် Sunghoonie မရှိတော့ ကျွန်တော်အထီးကျန်လိုက်တာ*

*ကျွန်တော့်ကိုမုန်းသွားလို့တော့မဟုတ်ဘူးမလားဟင်*

အစရှိသဖြင့် မေးခွန်းပေါင်းများစွာကိုပို့ထားလေသည်မို့ သူပြုံးမိကာ စာပြန်ရန်လုပ်လိုက်သည်။

*ကိုယ်နေကောင်းသွားပြီ ကောင်လေး မနက်ဖြန်အလုပ်ပြန်ဆင်းမယ် စိတ်မပူနဲ့တော့နော်*

ရုပ်ရှင်ကြည့်ကာ Sunghoonie ကိုလွမ်းနေတုန်း ဖုန်းလေးတုန်ခါသွားသည်မို့ မြန်မြန်ကောက်ယူကြည့်လိုက်တော့ လွမ်းနေမိသူထံမှဖြစ်နေသည်။

ကိုကိုချစ်သော ကလေးငယ်(mine)Onde histórias criam vida. Descubra agora