16

161 30 2
                                    

ဂိုဏ်းသားအားလုံးသည် ဂိုဏ်းထဲသို့ဝင်လာမည့် ပထမဆုံးမိန်းကလေးဆိုသည့် အသံကြောင့် ထမင်းစားသည့်နေရာတွင် ကျွတ်ကျွတ်ညံနေကြသည်။ သူတို့ဂိုဏ်းက တော်ရုံလူဝင်လို့မရ။ ဥပမာ SungHoon ဆိုလျှင် စာနှင့်ပက်သက်လျှင်ထက်ထက်မြက်မြက်ရှိပြီး ဉာဏ်သိပ်ကောင်းတာကြောင့် Sunoo ၏ကိုယ်ရံတော်ဖြစ်လာခဲ့သည်။ ကျန်သည့် ဂိုဏ်းသားများမှာလည်း သူ့နေရာနှင့်သူတော်သည့်နယ်ပယ်များရှိကြပြီး တွေ့ရာလူတွေကောက်ထည့်ထားသည့် ဂိုဏ်းတော့မဟုတ်။

ထမင်းစားချိန်အပြီး အကုန်လုံးကိုခြံကျယ်ကြီးအတွင်းတန်းစီခိုင်းထားကာ စောင့်ဆိုင်းနေစေသည်။ ထိုထဲတွင် Sunghoon လည်းရပ်စောင့်နေရသည်။ ကောင်လေးသည် သူ့သူငယ်ချင်းများနှင့် roadtrip တစ်ခုသွားသည်မို့ အိမ်တွင်ရှိမနေ။ ရှိနေလျှင်လည်း သဝန်တိုပြီး သူ့ကိုစိတ်ဆိုးနေလောက်သည်။

"အကိုကြီး "

အကိုကြီးနှင့် Mingyu Hyung ဝင်လာသည့်နောက်တွင် အမျိုးသမီးတစ်ဦးကပ်ပါလာပြီး သူတို့ဂိုဏ်းသားများက 90 degree bow နှင့် ခရီးဦးကြိုရသည်။ ဒါတွေက ဂိုဏ်းသားအသစ်ဝင်တိုင်းလုပ်နေကြ ကိစ္စဖြစ်ပြီး Sunghoon အတွက်သိပ်လည်းမထူးဆန်းတော့။

"ဒါက မီရာတဲ့ ငါတို့ထိုင်းဘက်မှာ ပစ္စည်းတွေတင်တဲ့အချိန် အများကြီးကူညီပေးခဲ့တာ သူပဲ။ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် သိပ်တော်သိပ်ထက်မြက်တဲ့သူဖြစ်လို့ အထင်တော့မသေးစေချင်ဘူး ဒီလိုအမျိုးသမီးက ငါတို့ဂိုဏ်းကို ဝင်တယ်ဆိုတာ ဂုဏ်ယူစရာကိစ္စတစ်ခုပဲ"

ယုတ်မာပြီး မကောင်းမှုကျူးလွန်ဖို့ ဝင်လာတာပဲ၊ ဘာတွေများအမွမ်းတင်နေသလဲလို့ Sunghoon တွေးမိသည်။ မိန်းမတစ်ယောက်မို့ သွေးတိုးစမ်းချင်နေကြသည့် ဂိုဏ်းသားများ၏မျက်လုံးတွေကိုမြင်ရတာမို့လည်း ထိုအမျိုးသမီးကို Sunghoon အားနာသယောင်ဖြစ်သွားမိသည်။

Kim Lee ရဲ့ဒုစရိုက်ကိစ္စတွေမှာ သူဝင်ပါစရာမလိုခဲ့သည့်အတွက် ကလေးစာမေးပွဲခဏခဏကျနေသည်ကိုပင် ကြိတ်ပြီးကျေးဇူးတင်လိုက်သည်။ ထိုအမျိုးသမီး ဘယ်လောက်တော်ကြောင်း ဘယ်လောက်ထက်မြက်ကြောင်းအမွမ်းတင်နေသည်မှာ တော်တော်နှင့်ကို မပြီးနိုင်။

ကိုကိုချစ်သော ကလေးငယ်(mine)Wo Geschichten leben. Entdecke jetzt