15

192 31 2
                                    

"အကိုလေး ကျွန်တော်သွားရတာအရင်ထက်ကြပ်လာတယ် သူတို့ဘက်ကရိပ်မိနေပြီ"

"ကျွန်တော်လည်း သတိထားမိတယ် Dany ရှောင်နေလိုက်ဦး ကျွန်တော်တို့ဘက်ကသက်သေလည်းတော်တော်စုမိနေပြီဆိုတော့ ခင်ဗျားတစ်ခုခုဖြစ်မှာစိုးတယ်"

"ဒါနဲ့ အကိုလေး .. "

"ပြောပါ"

"ဟိုကောင်လေးကို အကိုလေးဘယ်လိုလုပ်မှာလဲ သူ့အဖေနဲ့ယှဉ်လာရင် အကိုလေးကိုသစ္စာမဖောက်ဘူးလို့ယုံရလား"

"ကလေးက ဘာမှမသိသေးပါဘူး ဘာမှမသိတဲ့အတိုင်းဘဲကျွန်တော်ထားဖို့စီစဉ်ထားတယ် "

"ကောင်းပါပြီ ကျွန်တော်သူတို့အလုပ်တွေနဲ့ဝေးရာကို ခဏရှောင်နေပါ့မယ်"

"ကျွန်တော်သွားလိုက်ပါဦးမယ် ဟိုကောင်လေးစာကြည့်ရမယ့်အချိန်ရောက်ပြီဆိုတော့"

"ကောင်းပါပြီ အကိုလေး ကားဖြေးဖြေးမောင်းပါ"

ကားမောင်းလာသည့် တစ်လျှောက်လုံး Dany ပြောသည့်စကားကိုသူတွေးနေမိသည်။ ကလေးက သူနှင့် Kim Lee ယှဉ်လာလျှင် သူ့ကိုရွေးမယ်ဆိုတာ အပြောသက်သက်သာရှိသည့် ယုံကြည်မှုဖြစ်သည်။ ကလေးကသူ့အဖေကို သိပ်ချစ်တာ သူသိသည်။

ကောင်လေးသူ့ကိုထားမသွားလောက်ဘူးမဟုတ်လား။ ချစ်သူဖြစ်တာ အကြာကြီးမဟုတ်သေးသည့်တိုင် အတူတူရှိလာသည့် သံယောဇဉ်ကတစ်နှစ်နီးပါးမဟုတ်လား။ တစ်နှစ်တည်းနဲ့ ဒီကောင်လေးချစ်လာနိုင်ပါ့မလား။ တော်ပြီ Sunghoon မင်းသိပ်အတွေးလွန်နေပြီ။

ကလေးကချစ်တယ်လို့ ပြောထားပြီးသား ဘာနဲ့ယှဉ်လာလာ မင်းကိုရွေးမယ်လို့လည်းပြောထားပြီးသား အများကြီးမတွေးစမ်းနဲ့ ယုံကြည်လိုက်ရအောင်။အိမ်ထဲဝင်သွားသည်နှင့် စောင့်နေသည့်ကောင်လေးသည် ပြေးလာလေသည်။ ခေါင်းကိုဖွဖွလေးပွတ်လိုက်ပြီး စာသင်သည့်အခန်းထဲသွားလိုက်ကြသည်။

"ကောင်လေး ကိုယ်မလာခင်စာကြိုလုပ်ထားလား"

"ဟင့်အင်း"

"ဒီနှစ်မအောင်ရင် ထွက်ရတော့မှာသိတယ်မလား"

"သိပါတယ် ကိုကိုကလည်း"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now