7

243 45 7
                                    

"အစောကြီးဘာလာလုပ်တာလဲ Sunghoonie "

"မနက်စာသွားစားဖို့လာခေါ်တာ"

"ပါးသိရင်ဆူနေဦးမယ် "

"ရပါတယ် မင်းပါးနဲ့ Mingyu Hyung နဲ့ဒီနေ့နေ့လည် ထိုင်းဘက်ကိုသွားကြမှာ ဆူမယ့်လူဘယ်သူမှမရှိဘူး သူတို့မသွားခင်အရောက်ပြန်ပို့မယ်"

"လူလည်ကြီး ပါးတို့မနိုးကြသေးဘူး အခန်းထဲမှာခဏစောင့် ကျွန်တော်သွားတိုက်မျက်နှာသစ်လိုက်ဦးမယ်"

သူကောင်လေးအခန်းတွင်းရှိ စာကြည့်စားပွဲမှ ခုံတွင်သာထိုင်စောင့်နေမိသည်။ စားပွဲပေါ်တွင်တင်ထားသော ဓာတ်ပုံလေးဆီအကြည့်အရောက် သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ပြုံးမိတော့သည်။

ညီအစ်ကိုသုံးယောက်တူတူရိုက်ထားသည့်ပုံဖြစ်ပြီး ကောင်လေးကအလည်တွင် ချစ်စရာကောင်းစွာပဲပေးနေသည်။ ထိုကောင်လေးသည် အသံကြားသနား မျက်နှာမြင်ချစ်ခင်ဆုနှင့်ပြည့်ဝသည်ထင်ပါသည်။ သူတောင် 5လကျော်လောက်နှင့် ကောင်လေးနွံကိုလုံးလုံးလျားလျားနစ်ခဲ့ရတာ။

သူအတွေးထဲနစ်နေတုန်း တံခါးလေးပွင့်လာပြီး အကျၤီအသစ်နှင့်ကောင်လေးထွက်လာသည်။ မျက်နှာသစ်ပြီးကာစမို့ထင်သည်။ အသားလေးကြည်လင်နေကာ တောက်တောင်တောက်ပနေသည်ဟုထင်သည်။ အရင်ကလည်းကြည်လင်ပေမယ့် မနက်ခင်းအစမှာ မြင်ရသည်မို့ ပိုကြည်လင်နေပါသည်။

"သွားကြရအောင်လေ Sunghoonie"

"အကျၤီကို ရေချိုးခန်းထဲမှာလဲလာတာလား"

"Sunghoonie ရှိနေတာကိုး မလဲချင်ပါဘူး သွားမယ် ဘာတွေလာမေးနေတာတုန်း တကယ်တည်း"

ထို့နောက်ကောင်လေးကိုခေါ်ကာ သူငယ်ငယ်ကနေခဲ့သည့်ရပ်ကွက်ထဲမှ ကော်ဖီဆိုင်အဟောင်းလေးဆီခေါ်သွားဖြစ်သည်။ ထို့နောက်မနက်စာတူတူစားကြပြီး ကားတူတူပတ်မောင်းကြသည်။

အိမ်ပြန်လာကြပြီးနောက် Sunghoon ကကိစ္စရှိသေးသည်မို့ ပြန်ထွက်လာခဲ့လိုက်သည်။ အကိုကြီးပေးထားသည့်ကားကိုမသုံးဘဲ Taxi တစ်စီးငှါးကာ ဆက်သွယ်ထားသည့်နေရာတစ်ခုကိုထွက်လာခဲ့လိုက်သည်။

ကိုကိုချစ်သော ကလေးငယ်(mine)Tempat cerita menjadi hidup. Temukan sekarang