Final

320 23 3
                                    

ကားသည် တန်ဖိုးကြီးကွန်ဒိုတစ်ခု၏ ကားပါကင်တွင်ရပ်သွားသည်။ လက်နုနုလေးသည် Sunghoon ၏နဖူးပေါ်သို့ကျရောက်လာသည်။ အဖျားရှိန်သည်တော်တော်ကိုတက်နေလေသည်။

"ကိုကိုရေ"

တိုးဖျဖျအသံသည် Sunghoon ၏နားစည်သို့ ညင်သာစွာရိုက်ခတ်လေသည်။ လက်နုနုလေး၏အထိအတွေ့သည်လည်း နဖူးပေါ်တွင် ခံစားနေရသည်။ အိပ်မက်တစ်ခုနှင့်တူနေသည်။ Sunghoon မယုံကြည်နိုင်ခြင်းများစွာနှင့် မျက်လုံးလေးဖွင့်ကြည့်မိသည်။

အမှန်တကယ်ကို ကလေးကမျက်စိရှေ့ရောက်နေတာမို့ နှုတ်ခမ်းလေးကပြုံးမိလိုက်တော့သည်။ ချစ်သည်။ ရူးလောက်အောင်ကို ချစ်ရသည်။ မျက်စိရှေ့ကဝါဂွမ်းလုံးလေးကို သေလောက်အောင်ကိုချစ်ရပါသည်။

"ကိုယ်နိုးပြီ ... သွားကြတာပေါ့"

"အဖျားတွေတက်နေတာလေ ထရောထနိုင်ရဲ့လား ကိုကို"

"ထနိုင်ပါတယ် ဘယ်သူ့ကိုကိုမို့တုန်း.... Super man လေ"

"ဖျားနေတာကိုနောက်နိုင်သေးတယ်"

"လွမ်းဖျားလွမ်းနာကျနေတာပါ"

"ပြောတော့ Superman ဆို"

"Superman လည်း လွမ်းရင်ဖျားမှာပဲကွ"

ကလေးသည် ရယ်လိုက်ကာ Sunghoon ကိုဖွဖွလေးရိုက်လိုက်သည်။ ထိုအပြုံးကိုဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ။ကားထဲမှထွက်လိုက်ကာ တိုက်ခန်းရှိရာဆီ ဖြေးဖြေးချင်းသာတက်လာမိသည်။ ထို့နောက် ကလေးမရှိနေခဲ့သည့် အထီးကျန်စရာကောင်းလှသော ကွန်ဒိုဆီသို့ခေါ်သွားလိုက်သည်။

"ကဲ ကိုယ့်အိမ်ကနေကြိုဆိုပါတယ်"

"ကိုကိုတစ်ယောက်ထဲလား"

"ကိုယ်တစ်ယောက်တည်းပေါ့ ဘယ်သူရှိရဦးမှာလဲ ကလေးငယ်"

"အင်း ... သွားနားနေလေ။ကျွန်တော်ဆန်ပြုတ်လုပ်ပေးမယ်။"

ထိုအခါမှထမင်းစားစားပွဲပေါ်တွင် တင်ထားခဲ့မိသည့် ဆန်ပြုတ်ဘူးကိုသတိရသည်။ အထီးကျန်စွာရှိနေသည့် ဆန်ပြုတ်ဘူးသည် ဖွင့်လျက်သား။

"ကိုယ်ဆန်ပြုတ်ဝယ်ထားတယ်။ အဲ့တာနွှေးလိုက်လေ။ ကိုယ့်ကလေးပင်ပန်းမှာမကြည့်ချင်ဘူး။"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now