5

257 46 4
                                    


အောင်စာရင်းထွက်သည့်နေ့ပင်ဖြစ်သည်။ ထိုကောင်လေးက အပြင်သိပ်ထွက်တတ်သည့်လူမျိုးမဟုတ်သည်ကြောင့် Semester break အတွင်း အိမ်ထဲတွင်သာအောင်းနေတာများသည်။

" ကျွန်တော်စိုးရိမ်နေတယ် Sunghoonie "

ဒီအတောအတွင်း တိုးတက်လာသည့်ဆက်ဆံရေးကြောင့် Sunghoon-Ssi ဆိုသည့်အခေါ်မှ Sunghoonie ဖြစ်လာရသည်။ ကျွန်တော်စိတ်ဆိုးခဲ့သလားမေး.. ကျွန်တော်ကပျော်နေဆဲ ပျော်နေမြဲပါပဲ။

နဖူးပေါ်ဝဲကျနေသည့် ဆံပင်ပျော့ပျော့လေးကို သပ်ပေးရင်း ပြုံးပြလိုက်သည်။

" မစိုးရိမ်ပါနဲ့ မင်းအကောင်းဆုံးကြိုးစားထားတာပဲမဟုတ်လား"

"ဒါပေမယ့်လည်း "

"ရှုး အားလုံးအောင်မှာပါ"

ထို့နောက်နဖူးပေါ်ရှိ အမာရွတ်သေးသေးလေးကိုလက်နှင့်လာတို့သည်။ လွန်ခဲ့သည့် တစ်လက Club မှာရခဲ့သည့် ဆေးလိပ်ပြာခွက်ပေးသည့် ဒဏ်ရာပင်။

" ကျွန်တော်အဲ့နေ့အတွက်လည်း မတောင်းပန်ရသေးဘူးနော်"

" မလိုပါဘူး ကိုယ်တာဝန်လျစ်ဟင်းခဲ့တာပါ ကောင်လေးအပြစ်မပါဘူး"

"တောင်းပန်ပါတယ်နော် .. ပါး ဆူတာရော ခံရသေးလား"

မျက်စိရှေ့ရှိ အကောင်ပေါက်လေး အောင်စာရင်းအတွက်စိုးရိမ်တာကို အာရုံပြောင်းချင်သည်နှင့်တူသည်။ ပြီးခဲ့သည့်အကြောင်းကိုသာ ပြန်ပြောနေသည်မို့ သူအလိုက်အထိုက်လိုက်ပြောရန်စဉ်းစားလိုက်သည်။

" Park Sunghoon ပါ မပိုင်ရင်ခြင်တောင်မရိုက်ဘူး"

"အမယ်လေး အကောင်းပြောလို့ကိုမရတာ မြှောက်ကြွမြှောက်ကြွနဲ့"

"တကယ် ကိုယ်အဲ့နေ့က ဘဝရဲ့ပထမဆုံးမကောင်းတာအတွက်ဖုံးပေးဖို့ မုသားကိုပြောလိုက်ရတာပဲ ဘဝမှာကိုယ်တစ်ခါမှ Bad intention အတွက် လိမ်မပြောဖူးဘူး"

"ကျွန်တော့်အတွက် လူဆိုးလုပ်လိုက်တာပေါ့လေ Ddeonu ရဲ့လူဆိုးကြီးပါပေါ့ "

မျက်နှာတိုးကာတိုးကာ စနေတော့ ဒီက လူအေးကြီး ရင်တွေတုန်စပြုလာသည်။ ပါးချိုင့်လေးပင်ပေါ်လာအောင်ပြုံးချလိုက်ပြီး နဖူးလေးကိုခပ်ဖွဖွ တောက်လိုက်သည်။

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now