13

179 30 6
                                    



"ဖြေနိုင်လားကလေးလေး"

"အေးဆေးပဲ ကိုကိုသင်ပေးထားတာကိုး ဒီလောက်တော့အေးဆေး"

"အမယ်လေး အချွဲတုံး ကဲဘာသွားစားကြမလဲ"

"Binsu စားချင်တယ် လိုက်ပို့"

"အမိန့်အတိုင်းပါဗျာ"

ကောင်လေးသည် သိသိသာသာရော မသိမသာပါချွဲတတ်သည်မို့ တစ်ရက်တစ်ခြားဒီကောင်လေးဆီမှာ သူပျော်ဝင်လာသည်။ တစ်ရက်ထက်တစ်ရက်ပိုပိုချစ်လာရပြီး နောက်ဆက်လုပ်ရမည့်အစီအစဉ်တွေအတွက် ကောင်လေးမုန်းသွားမှာကြောက်သည့်စိတ်ကပိုပိုလာသည်။

ကောင်လေးသွားချင်သည့် ဆိုင်ကိုမောင်းနေသည်လမ်းတွင် ဖုန်းဝင်လာသည်မို့ကိုင်လိုက်သည်။

"ဟဲလို"

"ကျွန်တော်ပါအကိုလေး"

"ဟုတ်ပြောလေ Dany "

"ဆိုအမ်းသတ်ခံလိုက်ရပြီ အချက်အလက်ပေါက်ကြားလို့ အကိုလေးတို့ဂိုဏ်းကရှင်းလိုက်တယ်"

"ဟာ .. သက်သေရော ရလိုက်လားဗျ"

"အင်းကျွန်တော်လိုက်နေတယ် "

"Dany လည်းသတိထားပါဗျာ အန္တရာယ်များတယ် ကျွန်တော့်လက်ထဲမှာလည်းစုံနေပြီပဲ အရမ်းကြီးမလိုက်လည်းဖြစ်တယ်"

"စိတ်ပူပေးတဲ့အတွက်ကျေးဇူးပါအကိုလေး ဒါဆိုကျွန်တော်ဖုန်းချလိုက်ပါတော့မယ်"

"ကောင်းပြီ "

ဖုန်းကျသွားသည်နှင့် lover seat ကကောင်လေး၏ နှုတ်ခမ်းထော်ထော် နဂါးမျက်စောင်းကိုအရင်ရင်ဆိုင်ရသည်။

"ဘယ်သူနဲ့ပြောတာတုန်း အရမ်းကို စိုးရိမ်နေတော့တာပဲ"

"ကိုယ့်အလုပ်ကိစ္စတစ်ခုပါ"

"ကိုကိုနော် ကျွန်တော်ကလွဲရင်ကျန်တဲ့သူတွေကိုစိတ်မပူပါဘူးဆိုပြီး"

"အယ် ကိုယ်ဘယ်တုန်းကပြောလိုက်တာလဲ"

"ကိုကို! ကျွန်တော်ပြောတယ်ဆိုပြောလိုက်လေ"

"ဟုတ်ပါပြီဗျာ မှားပါတယ်"

"ငြိုငြင်နေပြီမလား သိပါတယ်"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now