Ending-1

296 29 12
                                    

ကလေးငယ်သည် Sunghoon နှင့် အပျက်ပျက် နှာခေါင်းသွေးထွက်ပြီးကတည်းက ပျောက်သွားတာ ယနေ့တိုင်ပင်။ Sunghoon တစ်ယောက်လည်းတူးတူးခါးခါးဖြစ်ပြီးသေလောက်အောင် နာကြည်းမိသော်ငြား ကိစ္စတွေအပြီးတစ်ပတ်အကြာတွင် Mingyu Hyung လာပြောသည့်စကားကြောင့် နောင်တတို့အထပ်ထပ်ရခဲ့ရသည်။

ဘဝ၏ပထမဆုံးသော အချစ်ဦးမို့ ရင်တွေကွဲမတတ်နာကျင်ခဲ့ရပုံပါပဲ။ ငိုနေရင်း နှလုံးရပ်သွားပြီး ဆေးရုံတင်လိုက်ရာ တစ်ပတ်အကြာမှာ ဆေးရုံကနေပျောက်သွားသည်ဆိုသော စကားက Sunghoon ရင်ကိုအစိမ်းလိုက်ခွဲဖို့လုံလောက်နေခဲ့ပါ၏။ ၂ နှစ်ဟူသော အချိန်သာကြာသွားသော်လည်း အခုထိတိုင်ရှာမတွေ့သေးလောက်အောင် ကလေးငယ်အပုန်းတော်လှသည်။

Sunghoon တစ်ယောက် ကုမ္ပဏီကိစ္စများနှင့် လုံးပန်းရင်း စိတ်ပင်ပန်းလူပင်ပန်းနေပြီဖြစ်သည်။ ကလေးငယ်၏အငွေ့အသက်တွေပြည့်နေသည့် စံအိမ်ကြီးတွင်လည်း မနေလိုသည်ကြောင့် မြို့ထဲရှိတန်ဖိုးကြီး ကွန်ဒိုတစ်ခုတွင် တစ်ယောက်တည်းနေထိုင်နေလေသည်။

"ကောင်းပြီ အတွင်းရေးမှူးဂန် မင်းပဲစီစဉ်လိုက်ပါ မနက်ခင်းစောစောလာခေါ်ဖို့ မမေ့နဲ့နော်"

နောက်တစ်နေ့မနက်တွင် လုပ်ငန်းရှင်များနှင့် အစည်းအဝေးရှိသည်ကြောင့် လိုအပ်သည့် ဖိုင်များကိုပြန်လည်ပြင်ဆင်နေရလေသည်။ ဖိုင်များကို ထိုင်ကြည့်နေရင်းမှ စားပွဲပေါ်တွင်တင်ထားသည့် ကလေးငယ်နှင့် သူ၏ပုံကိုကြည့်မိသည်။ထိုဓာတ်ပုံဘောင်ကိုကိုင်လိုက်ကာ ကလေးငယ်၏မျက်နှာလေးကို ခပ်ဖွဖွနမ်းလိုက်မိသည်။

"ကိုကိုလွန်သွားတယ်မလား ကလေး... စိတ်တွေမထိန်းနိုင်ခဲ့တာ ကိုကိုတောင်းပန်တယ်နော်။ ကျေးဇူးပြုပြီးကိုကို့ဆီပြန်လာပါတော့။"

------

နေ့တွေ လတွေဟာ ကုန်လွန်လာသော်ငြား ကလေးငယ်ကိုရှာဖွေနေသည်မှာ အရာမထင်။ ပြောရလျှင် သူ့အကိုဖြစ်သူကိုတောင်မပြောမဆို ပျောက်သွားသေးတာ။ သူလို တူးတူးခါးခါးပြောခဲ့သူကိုဆိုလျှင် ပိုဆိုးမည်ပေါ့။ အစည်းအဝေးခန်းမတွင် ရှယ်ယာရှင်အဘိုးကြီးများ တစ်ယောက်တစ်ပေါက်ငြင်းခုံနေကြသည်ကို ဆုံလည်ကုလားထိုင်တွင်ထိုင်ကာ Sunghoon တစ်ယောက်နားထောင်နေရသည်။

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now