27

247 24 4
                                    

ကားပေါ်တွင် ထိုင်ကာစကားပြောနေပြီးနောက် Sunghoon ဆီမှ ဖုန်းဝင်လာသည်။ Kim Lee ကပြုံးလိုက်ကာ ကလေးငယ်ကိုကြည့်လာသည်။

"ဟဲလို"

"ခင်ဗျားတို့အခုဘယ်မှာလဲ"

"ဘယ်မှာဖြစ်ဖြစ်ပေါ့ ဘာလဲ ငါနဲ့ရင်ဆိုင်မယ်လို့ စိတ်ဆုံးဖြတ်လိုက်လို့လား"

"ဟုတ်တယ် ဒီထက်ပိုပြီးရှောင်မပြေးချင်တော့ဘူး "

"ကောင်းပြီလေ ငါလိပ်စာပို့လိုက်မယ် ရဲခေါ်လာရင် ငါတို့အကုန်တူတူသေလိုက်ကြတာပေါ့"

ဖုန်းကျသွားသည်နှင့် Kim Lee ကညစ်ကျယ်ကျယ်ပြုံးလိုက်ကာ Sunoo ကိုကြည့်လိုက်သည်။ ထို့နောက်တွင် အသံတိုးတိုးနှင့် သားဖြစ်သူကို-

"ငါပြောတာမှတ်မိလား Kim Sunoo မင်းငါ့ကိုလုပ်ပေးရမယ်ဆိုတာလေ"

"မလုပ်ပေးနိုင်ဘူးလို့ပြောထားတယ်လေ ပါး"

"မင်းပါးစပ်ကိုပိတ်ထား!!!!"

ပါးကိုဖျစ်ညှစ်လိုက်တာ နာသွားတာမို့ Sunoo လေး၏မျက်လုံးတွင် မျက်ရည်တို့ဆို့တက်လာသည်။

"နာတယ်...လွှတ်ပေးပါ"

"မင်းကောင်ကိုငါမင်းမျက်စိရှေ့မှာ သတ်ပြမယ်"

ဟင့်အင်း။ ကိုကို့ဘဝကအများကြီးခက်ခဲပြီးပြီမို့ ပျော်ရွှင်စေချင်သည်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုနေထိုင်သွားရဦးမှာ ဒီတိုင်းသေသွားလို့မဖြစ်။ ကိုကို့ကိုမသေစေချင်ပါ။

"မ-မလုပ်ပါနဲ့ ပါး.. ကျွန်တော်ပါးခိုင်းတဲ့အတိုင်းလုပ်ပါ့မယ် ကျေးဇူးပြုပြီး...ကိုကို့ကိုလက်ဖျားနဲ့တောင်မထိပါနဲ့"

"စိတ်နုနုနယ်နယ်နဲ့ သွေးရူးသွေးတန်းပြောနေတာလား Kim Sunoo ဒါမှမဟုတ် ပါးသိပ်ချစ်တဲ့ ပါးရဲ့လိမ္မာတဲ့ သားလေးအဖြစ်လား"

"ပါး-ပါးရဲ့သားအဖြစ်ပြောနေတာပါ"

"ကောင်းပြီလေ .. မင်းရဲ့ ကောင်ကို အညံ့ခံခိုင်းလိုက် ကိစ္စတွေအားလုံးကိုမရှိခဲ့သလိုထားလိုက်ဖို့ မင်းတောင်းပန်.. မင်းပြောတာဆို သူလက်ခံမှာ"

"ပါးရူးသွားပြီလား.. ကျွန်တော်ဘာကောင်ကြီးဖြစ်နေနေ သူ့မိဘတွေကိုသတ်ထားတဲ့သူရဲ့သားဆိုတာကို ပါးမေ့နေတာလား"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now